
(DPI) နဲ့ (CPI) နှစ်မျိုးလုံးဟာ Mouse ရဲ့ အာရုံခံနိုင်စွမ်းကို ဖော်ပြဖို့အတွက် အသုံးပြုတဲ့ အတိုင်းအတာတွေဖြစ်ကြပေမဲ့လည်း အနည်းငယ်ကွဲပြားကြပါတယ်။

DPI (Dots Per Inch): DPI ဆိုတာကတော့ mouse cursor ဟာ Screen ပေါ်မှာရှိတဲ့ Dots (သို့မဟုတ် pixels) မည်မျှရွေ့လျားသည်ကို တိုင်းတာတာဖြစ်ပါတယ်။ DPI ပိုမိုမြင့်မားလေ Mouse ကို သိပ်ရွှေ့စရာမလိုဘဲနဲ့ mouse cursor ဟာ ရွေ့လျားလေဖြစ်ပါတယ်။ Mouse တစ်လက်မ ရွှေ့လိုက်တဲ့အခါ Screen ပေါ်မှာ သင်ရွှေ့မယ့် pixels မည်မျှရှိကြောင်း ဖော်ပြတာကိုဆိုလိုပါတယ်။

CPI (Counts Per Inch)- CPI ကတော့ Mouse ရဲ့ Sensor မှတစ်ဆင့် တစ်လက်မအတွင်း Mouse လှုပ်ရှားမှုအား တိုင်းတာသိရှိနိုင်ခြင်းကို ဆိုလိုပါတယ်။ CPI မြင့်မားတဲ့အခါ Mouse ဟာ လှုပ်ရှားမှု သေးသေးလေးကအစ တိကျစွာ သိရှိနိုင်မှာဖြစ်ပါတယ်။ Mouse ဟာ တစ်လက်မအတွင်း ရွေ့လျားမှု အကြိမ်ရေမည်မျှ ရှိတဲ့အကြောင်း စစ်ဆေးနိုင်တာကို ဆိုလိုတာပါ။
အရှင်းဆုံးပြောရရင်တော့ DPI ဟာ Mouse ကို ရွှေ့လိုက်တဲ့အခါ Mouse Cursor က သင့် Screen ပေါ်မှာ ဘယ်လောက်အကွာအဝေးကို ရွေ့လျားတယ်ဆိုတဲ့အကြောင်းကို ဖော်ပြတာဖြစ်ပြီး CPI ကတော့ အဲဒီလှုပ်ရှားမှုတွေကို Mouse က ဘယ်လောက်ထိ ကောင်းကောင်း ထောက်လှမ်းနိုင်သလဲဆိုတာကို ဖော်ပြတာပဲဖြစ်ပါတယ်။ နှစ်ခုစလုံးကတော့ mouse ရဲ့ အလုံးစုံ အာရုံခံနိုင်စွမ်းနဲ့ တိကျမှုကို ရည်ညွှန်းကြတာပဲဖြစ်ပါတယ်ခင်ဗျာ။

Enjoy Shopping

Team ICT.com.mm