News, Review

About OLED Screen Display

ကျွန်တော်တို့ မိုဘိုင်းဖုန်းတွေ၊ တီဗီ Screen တွေနဲ့ Game စက် Screen တွေမှာ အတွေ့များကြတဲ့ OLED Screen Display အကြောင်းကို ဗဟုသုတအနေနဲ့ ပြောပြပေးပါရစေခင်ဗျာ။
“OLED” ရဲ့အရှည်ကောက်ကတော့ “Organic Light-Emitting Diode” လို့ဆိုပါတယ်။ OLED ဟာ Pixel တစ်ခုစီက ကိုယ်ပိုင်အလင်းရောင်ကို ထုတ်လွှတ်ပေးနိုင်သော စမတ်ဖုန်းများနှင့် တီဗီများကဲ့သို့ ဖန်သားပြင်များမှာ အသုံးပြုတဲ့ မျက်နှာပြင် နည်းပညာအမျိုးအစားတစ်ခုဖြစ်ပါတယ်။ Pixel တစ်ခုစီဟာ ၎င်း၏ကိုယ်ပိုင်အလင်းရောင်ကို ထုတ်လွှတ်စေပြီး တောက်ပသောအရောင်များနှင့် High Contrast Feature များကိုပေးစွမ်းနိုင်ပါတယ်။
သာမာန် Screen များထက် OLED Screen က ဘာကြောင့်သာလွန်နေရတာလဲ?
✅ အလင်းအမှောင် ပိုမိုကောင်းမွန်ခြင်း- OLED များဟာ pixels တစ်ခုချင်းစီကို ပိတ်ထားနိုင်ပြီး High Contrast Ratio တွေ ပိုမိုမြင့်မားလာစေပါတယ်။ OLED များဟာ စစ်မှန်သောအနက်ရောင် ( True Black ) ကို ပြသနိုင်ပါတယ်။ True Black ဆိုတာကတော့ OLED Screen များမှာရှိတဲ့ Pixel တစ်ခုစီရဲ့ အလင်းရောင်ကို လွတ်လပ်စွာထုတ်လွှတ်နိုင်စွမ်းရှိခြင်းပဲဖြစ်ပါတယ်။ တခြား Display နည်းပညာတွေနဲ့မတူဘဲ အနက်ရောင်သန့်သန့်ရရှိစေဖို့ ဖန်တီးပေးထားတာဖြစ်ပါတယ်။
✅ တက်ကြွသောအရောင်များ- အလင်းကို တိုက်ရိုက်ထုတ်လွှတ်နိုင်စွမ်းရှိသောကြောင့် ပိုမိုတောက်ပပြီး တိကျသောအရောင်များကို ပေးဆောင်နိုင်ပါတယ်။
✅ ပိုမိုပါးလွှာပြီး ပြောင်းလွယ်ပြင်လွယ်နိုင်ခြင်း- OLED များသည် ပိုမိုပါးလွှာပြီး လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်တာကြောင့် စက်ပစ္စည်းများအတွက် ဆန်းသစ်သော ဒီဇိုင်းများကို ဖန်တီးပေးနိုင်စွမ်းရှိပါသေးတယ်။
✅ ပိုမိုမြန်ဆန်သော Refresh Rate များ- OLED များသည် အချို့သော သမားရိုးကျ Screen များနှင့် နှိုင်းယှဉ်ပါက ပိုမိုမြန်ဆန်တဲ့ Refresh Rate ကိုပေးစွမ်းနိုင်ပြီး ရွေ့လျားမှု မှုန်ဝါးခြင်း ( Motion Blur )ကို လျှော့ချပေးနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ Screen တော်တော်များများမှာ အသုံးပြုလေ့ရှိတဲ့ OLED အကြောင်းကို သိလောက်ပြီလို့ထင်ပါတယ်ခင်ဗျ။ Customer များအားလုံးကိုလည်း အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *