Click & Collect အစီအစဉ်လေးကတော့ ICT Website ရဲ့ Click & Collect Section မှာ လိုချင်တဲ့ Item လေးတွေကို နေ့လည် ၁၁နာရီခွဲ မတိုင်မှီ ဝယ်ပြီးတာနဲ့ ညနေ ၄ မှ ၅:၃၀ နာရီအတွင်း လာယူလို့ရနိုင်မယ့် အစီအစဉ်လေးပဲဖြစ်ပါတယ်နော်။

အခု အစီအစဉ်လေးထဲမှာ အလှည့်ကျလာတဲ့ Product လေးတွေကတော့ Microlab Bluetooth Wireless Speaker လေးတွေပဲဖြစ်ပါတယ်ခင်ဗျ။

Microlab Bluetooth Wireless Speaker တွေနဲ့ဆိုရင် သီချင်းတွေကို အသံကျယ်ကျယ်ဖွင့်ပြီး အပြတ်ကဲနိုင်ပြီပေါ့။

Bluetooth Speaker ဖြစ်တဲ့အတွက် Device နဲ့ ချိတ်ဆက်ဖို့ ကြိုးအကူအညီတွေ မလိုတဲ့အပြင် ဖုန်းပြောဖို့အတွက်လည်းအသုံးပြုနိုင်ပါတယ်။ ဘယ်လိုအသုံးပြုမှာလဲဆိုရင်တော့ Built-in Microphone ပါဝင်တဲ့အတွက် ဖုန်းကို ကိုင်စရာမလိုဘဲ ပြောနိုင်မှာပါ။ Speaker ကို ဖုန်းနဲ့ Bluetooth ချိတ်ဆက်လိုက်ပြီး ဖုန်းဝင်လာတာနဲ့ Speaker မှာရှိတဲ့ ခလုတ်လေးကိုနှိပ်လိုက်ပြီး ဖုန်းပြောလို့ရမှာဖြစ်ပါတယ်။ တော်တော်မိုက်တဲ့ Feature တစ်ခုလို့ပြောရမှာပါ။

ပြောရရင်တော့ Microlab Speakers တွေဟာ သီချင်းနားထောင်၊ ရုပ်ရှင်ကြည့်၊ ဖုန်းပြော အစရှိတဲ့ Audio ပိုင်းနဲ့ Entertainment ပိုင်းဆိုင်ရာ Activity တွေအတွက် အထူးသင့်တော်တဲ့ Speakers တွေပဲဖြစ်ပါတယ်ခင်ဗျာ။

Click & Collect ဘယ်လို ဝယ်ယူရမလဲ?

Add to Cart လုပ်ပြီးတဲ့အခါ “Pick up in store” ကို ရွေးပေးပါ။

ICT.com.mm မှ လာယူလို့ ရပြီဖြစ်ကြောင်း email သို့ SMS ပို့ပါမယ်။

ထိုနေ့တွင်းမှာပဲ ညနေ ၃နာရီ မှ ၅နာရီ အတွင်း လာရောက်ယူနိုင်ပါပြီ။

ထိုနေ့ ယူဖို့ မအားခဲ့ရင် နောက်နေ့ မနက် ၉ မှ ညနေ ၅ နာရီအတွင်း အချိန်မရွေး လာယူနိုင်ပါတယ်။
Happy Shopping Everyone!

Team ICT.com.mm
