News, Review

Chromebook Laptop တွေကို ဘာကြောင့်သုံးသင့်တာလဲ

👉 Chromebooks တွေဟာ ပေါ့ပါးပြီး ဈေးနှုန်းချိုသာတဲ့ portable laptop များဖြစ်ပါတယ်။ သူ့ရဲ့ အဓိကအားသာချက်တွေကတော့
💡 ဈေးနှုန်းချိုသာခြင်း
Chromebooks တွေဟာ သာမာန် Windows laptop တွေထက် ဈေးနှုန်းချိုသာတာကြောင့် ကျောင်းသူကျောင်းသားတွေနဲ့ high performance laptop တွေကို အသုံးပြုစရာမလိုအပ်သူတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
💡သယ်ယူသွားရလွယ်ကူခြင်း
Chromebook များသည် ပုံမှန်အားဖြင့် ပေါ့ပါးပြီး တာရှည်ခံသည့်ဘက်ထရီကို အသုံးပြုထားတာကြောင့် သွားရင်းလာရင်း အလုပ်လုပ်နေရသူတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်စေမှာပါ။
💡လွယ်ကူရိုးရှင်းမှု
Chromebooks တွေဟာ web-based applications တွေနဲ့ cloud စနစ်အပေါ် အခြေခံထားတာကြောင့် အသုံးပြုရတဲ့အပိုင်းမှာ လွယ်ကူရိုးရှင်းအောင် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။
💡 လုံခြုံမှု
Computer တစ်လုံးမှာ လုံခြုံရေးဟာလည်း မေ့ထားလို့မရတဲ့အရာဖြစ်ပါတယ်။ Chromebooks တွေမှာ build-in virus protection စနစ်တွေပါဝင်ပြီး security update တွေလည်း ပုံမှန်ထုတ်ပေးနေတာမို့ သာမာန် laptop တွေထက်စာရင် လုံခြုံရေးအပိုင်းမှာ အတော်လေးကိုစိတ်ချရပါတယ်။
💡 Google Services များ ပါဝင်ခြင်း
Gmail၊ Google Drive နှင့် Google Docs ကဲ့သို့သော Google ဝန်ဆောင်မှုများကို အသုံးပြုပြီး အလုပ်လုပ်နေရသူတွေအတွက် Chromebooks တွေဟာ အကောင်းဆုံးရွေးချယ်မှုဖြစ်စေမှာပါ။
👉 နိဂုံးချုပ်ပြောရရင် Chromebooks တွေဟာ လူတိုင်းအတွက်တော့အဆင်ပြေစေမှာမဟုတ်ပါဘူး။ ကိုယ်လုပ်ငန်းအတွက် အသုံးပြုရတဲ့ software တွေက Windows or Mac OS မှာ သာအလုပ်လုပ်တယ်ဆိုရင် Chromebook တွေကို အသုံးပြုဖို့အဆင်ပြေစေမှာမဟုတ်ပါဘူး၊
🛒 Shop Now » https://rb.gy/c7ob2

⭐ Today’s Deals » https://bit.ly/3VkMkjX

🔥 Click & Collect » https://bit.ly/3GsPU6E

💸 Buy Now Pay Later » https://bit.ly/3UHAZsE

Why ICT.com.mm?
» Price Beat Guarantee [Share Link]
» 1 Discount Point for Every 1 Kyat Spend
» Pay with Mobile Banking & Credit Cards
» 100% After-Sales Service & Warranty
» Super Fast Delivery Nationwide
Get a Quote: [email protected]
Phone: 0976 544 1707 [08-10]
❣️Enjoy Shopping❣️

Leave a Reply

Your email address will not be published. Required fields are marked *