News, Review

နွေရာသီပိတ်ရက်ရှည်ကြီးအတွက် အပူသက်သာစေမယ့်နည်းလမ်းများ

🚰 ရေများများသောက်ပါ
နွေရာသီဟာ ပူပြင်းတဲ့ရာသီမို့ ခန္တာကိုယ်က နည်းနည်းလေးလှုပ်ရှားတာနဲ့ ချွေးထွက်တတ်တာမို့ ရေဓါတ်များများလိုအပ်ပါတယ်။ ပူအိုက်နေတဲ့အချိန် ရေဓါတ်နည်းနေတဲ့အခါ ရုတ်တရတ် မူးဝေခြင်း နဲ့သတိလစ်ခြင်းများဖြစ်နိုင်ပါတယ်။
👕 ပေါ့ပါးပြီး အရောင်ဖျော့တဲ့ အဝတ်များကိုဝတ်ဆင်ပါ
ခန္ဓာကိုယ်အတွက် အေးမြပြီး သက်တောင့်သက်သာဖြစ်စေမယ့် ချည်နဲ့ လီနင် တို့လို သဘာဝ fabric တွေပြုလုပ်ထားတဲ့ အရောင်ဖျော့ဖျော့အဝတ်တွေဟာ နွေရဲ့အပူပြင်းပြင်းကို လျော့ချပေးမှာဖြစ်ပါတယ်။
👉 Sunscreen လိမ်းပါ
အပြင်ထွက်တဲ့အခါ နေရောင်ခြည်မှာပါတဲ့ UV rays တွေကို ကာကွယ်နိုင်ဖို့အတွက် SPF 30 လောက်အနည်းဆုံး ပါတဲ့ sunscreen တစ်ခုခုလိမ်းပေးခြင်းဟာ သင့်အသားရေပျက်စီးဆုံးရှုံးခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အပြင်မှာပဲ အကြာကြီးနေရမယ်ဆိုရင် sunscreen ကို ၂နာရီခြားတစ်ခါ လိမ်းပေးသင့်ပါတယ်။
🙅‍♀️အရမ်းပူနေတဲ့အချိန် အပြင်ထွက်ခြင်းကိုရှောင်ပါ
အပူချိန်အပြင်းဆုံးအချိန်ဖြစ်တဲ့ မနက် ၁၁ နာရီကနေ နေ့လည် ၃နာရီ အချိန်အတွင်းမှာ အပြင်ထွက်တာမျိုးကို တတ်နိုင်သမျှရှောင်ပါ။ မတတ်သာလို့ ထွက်ရမယ်ဆိုလည်း UV ပါတဲ့ ထီးဆောင်းပါ။
🤽 ရေကူးကန်သွားပါ
ကိုယ့်မိသားစု အပေါင်းသင်းတွေနဲ့ ရေကူးကန်သွားပြီးတော့လည်း နွေအပူကိုရှောင်နိုင်ပါတယ်။ ရေကူးကန်သွားဖို့အဆင်မပြေလည်း လေထိုးရေကူးကန်လေးတွေနဲ့ ရေစိမ်ရင်းအပူရှောင်လို့ရပါတယ်၊
❄️ ကိုယ့်အိမ်ခန်းကိုအေးမြနေအောင်ထားပါ
ပူပြင်းတဲ့နွေရာသီမှာ ကိုယ့်အိမ်ကို အေးမြပြီး သက်တောင့်သက်သာရှိစေရန် ပန်ကာများ၊ aircon, air cooler နဲ့ သဘာဝလေဝင်လေထွက်နည်းလမ်းများကို အသုံးပြုပြီး ကိုယ့်အခန်းအပူချိန်ကိုလျော့ချနိုင်ပါတယ်။
ICT မှာ ဝယ်ယူနိုင်မယ့် Aircons, Air coolers နဲ့ ပန်ကာများ

Leave a Reply

Your email address will not be published. Required fields are marked *