အိုင်စီတီရဲ့ Rewards အစီအစဉ်မှာပါဝင်ခြင်းအတွက် ရရှိလာမဲ့ သီးသန့်ခံစားခွင့်တွေအကြောင်းကို သိပြီးပြီလား?
မသိသေးဘူးဆိုရင် ဆက်ပြီးပြောပြပေးပါမယ်။ Reward Points အစီအစဉ်လေးကတော့
၁။ အီးမေးလ်လိပ်စာတစ်ခုတည်းကိုပဲအသုံးပြုပြီးတော့ အိုင်စီတီကနေ ဈေးဝယ်တဲ့အကြိမ်တိုင်း Reward ပွိုင့်တွေကို ရရှိမှာဖြစ်ပါတယ်။
ပွိုင့်ရရှိမည့်နည်းလမ်း – တစ်ကျပ်ဖိုးဝယ်ယူတိုင်း ပွိုင့်တစ်ပွိုင့်ရမှာပါ။
၂။ ရရှိလာတဲ့ပွိုင့်တွေကို အိုင်စီတီကနေ ပစ္စည်းဝယ်ယူချိန်မှာ Discount အဖြစ် ပြန်လည်အသုံးပြုနိုင်ပါတယ်။
အသုံးပြုနိုင်မည့်ပုံစံ – ပွိုင့် 100,000 ကို ငွေကျပ် 1,000 တန် Discount အဖြစ် အသုံးပြုနိုင်မှာပါ။
ICT Rewards အစီအစဉ်မှာပါဝင်ဖို့ ICT.com.mm မှာ Member ဖြစ်ထားဖို့တော့ လိုပါတယ်။ Member ဖြစ်ဖို့အတွက် ကွန်ပြူတာ Browser ကနေတဆင့် ICT.com.mm မှာ Register သို့မဟုတ် Sign in ပြုလုပ်ပေးရပါမယ်။ Member ဖြစ်ပြီးသွားတာနဲ့ ICT.com.mm မှာ ဈေးဝယ်ရင်း ပွိုင့်တွေစုဆောင်းနိုင်မှာပါ။
ဒီအစီအစဉ်လေးက အခုလိုခက်ခဲတဲ့ကာလမှာ အိုင်စီတီရဲ့ Customers တွေကို အထောက်အကူဖြစ်စေဖို့ စီစဉ်ပေးထားတာဖြစ်ပါတယ်။ Customers တွေအနေနဲ့ ဘေးကင်းလုံခြုံစွာ အိမ်မှာပဲနေပြီး ဒီအစီအစဉ်လေးမှာ ပါဝင်ခံစားနိုင်ပါတယ်။ အားပေးကြတဲ့ Customers တွေကို ကျေးဇူးတုံ့ပြန်တဲ့အစီအစဉ်လေးမို့ အိုင်စီတီမိသားစုက အပြုံးနဲ့ဝန်ဆောင်မှုပေးသွားမှာပါနော်။
သင့်မှာ နောက်ထပ်သိချင်တာ၊ မေးမြန်းချင်တာရှိတယ်ဆိုရင် [email protected] ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်သလို 09 765 441 708 ကိုလည်း ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။
အိုင်စီတီရဲ့ Community မှာ ပါဝင်ပေးခြင်းအတွက် လူကြီးမင်းကို အိုင်စီတီမိသားစုမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Learn More – https://www.ict.com.mm/pages/rewards


Team ICT.com.mm