Sony Home Audio System X10M


မြူးဇစ်ကိုမှ ရူးသွပ်သူတွေအတွက် တကယ့်ကိုစိတ်တိုင်းကျစေမယ့် Home Audio System ပါ။
အထူးသဖြင့်
Base သံကောင်းတာကိုမှ နှစ်ခြိုက်သူတွေအနေနဲ့ Sony ရဲ့ Sound Pressure Horn ကနေ ထွက်ပေါ်လာတဲ့ အမိုက်စား ဘေ့စ်သံတွေကို လုံးဝအကြိုက်တွေ့ကြမှာ သေချာပါတယ်။

အတွင်းမှာ ထည့်သွင်းထားတဲ့
Horn ဒီဇိုင်းကြောင့် Acoustic Pressure မြင့်တက်လာတာဖြစ်ပြီး သမာရိုးကျ Amplifier တွေထက်သာလွန်တဲ့ ဘေ့စ်သံတွေကို ဖန်တီးပေးနိုင်တာဖြစ်ပါတယ်။

Party & Clubber 
တွေအတွက် ကလပ်ကို ရောက်နေသလို ခံစားစေရမဲ့ Party Light LED အလှဆင်မီးလေးတွေလည်း ပါဝင်ပါသေးတယ်။ 🪩 ဒီ Light System မှာ လုံးဝ အဖြူရောင်စစ်စစ်ကနေ 
သက်တန့်ရောင်လို ကာလာစုံအထိ အမျိုးမျိုးသော ရောင်စဉ်တွေပါဝင်ပြီးတော့ သီချင်းရဲ့ အနိမ့်အမြင့်နဲ့ Beat သံအလိုက် လှပတဲ့မီးရောင်စုံတွေကို ဖန်တီးပေးမှာပါ။




CD Player ပါဝင်တဲ့အတွက် Generation Y တွေဆိုရင် တချိန်က မိမိနှစ်သက်ခဲ့ရတဲ့ classic တေးသွားတွေကို အကောင်းဆုံး ပြန်လည်ခံစားနိုင်မှာဖြစ်ပါတယ်။ 






CD, CD-R နဲ့ CD-RW စတဲ့ CD အချပ်ပြားတွေ အားလုံးကို အသုံးပြုနိုင်တာကြောင့် စတူဒီယို Recording တွေမှအစ
Mix tapes တွေအထိ ပြန်လည် နားဆင်ခံစားနိုင်ပါတယ်။ 


အိုင်ကလည်း သီချင်းကို ရူးသွပ်ပြီး ခံစားချက်နှင့်နားထောင်တက်သူတွေမို့ 🫶🏻 ရင်ဘတ်ချင်းနီးသူတွေ ပစ္စည်းကောင်းလေးရအောင် လက်တို့ပေးလိုက်တာပါနော်။








Team ICT.com.mm