Canon DR-M1060 Scanner က ဖြောင့်လို့ရတဲ့ U-turn Paper path ပါဝင်တဲ့ မြန်နှုန်းမြင့် Scanner လေးပဲ ဖြစ်ပါတယ်။
A3 Size အထိ စကန်န်ဖတ်ပေးနိုင်ပြီးတော့ အမြန်နှုန်းက 60ppm/120ipm အထိရမှာဆိုတော့ စာရွက်တွေအများကြီးကို တခဏချင်း Scan ဖတ်ပေးနိုင်မှာပါ။
U-turn path ပါတဲ့အတွက် ကိုယ် Scan ဖတ်ချင်တဲ့စာရွက်စာတမ်းတွေကို Scanner ရဲ့ရှေ့ဖက်ကနေ လွယ်လွယ်ကူကူ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
တစ်ကြိမ်ကို စာရွက် ၆၀ အထိ ထည့်သွင်းထားလို့ရပြီးတော့ မြန်နှုန်းမြင့် Scanner ဖြစ်လို့ တစ်ရက်ကို အရွက်ရေ ၇,၅၀၀ အထိ ပြီးစီးအောင် စကန်န်ဖတ်ပေးမှာပါ။
အမိုက်စား Image processing functions တွေလည်းပါဝင်ပြီးတော့ Background Smoothing Function ဟာဆိုရင် ကိုယ့်ရဲ့ Scan ဖတ်ထားတဲ့ပုံကို အတွန့်အထပ်တွေမရှိဘဲ ချောမွေ့အောင်လုပ်ဆောင်ပေးမှာပါ။
Automatic Colour Detection ကတော့ Scan ဖတ်လိုက်တဲ့စာရွက်တွေကို ကာလာနဲ့ အဖြူအမည်း ခွဲခြားသိရှိပြီး သင့်တော်တဲ့ပုံစံနဲ့သိမ်းပေးမှာဖြစ်လို့ Scan ဖတ်တဲ့အခါ အဖြူအမည်းသက်သက်၊ ကာလာနဲ့သက်သက် ခွဲထည့်ပေးစရာမလိုတော့ပါဘူး။ ဒါ့အပြင် Scan ဖတ်ထားတဲ့ဖိုင်တွေကို မလိုအပ်ဘဲ File Size ကြီးနေစေတာမျိုး မဖြစ်အောင် လုပ်ပေးထားမှာပါ။


» 1 discount point for every 1 Kyat spend
» Pay with debit, credit card or bank transfer
» 100% guarantee and after-sales service
» Speedy delivery in Yangon & around Myanmar
» 8:30 AM – 1 AM around the clock live chat
» Price match guarantee from authorized distributors


Team ICT.com.mm