




ဒီ Cooler Master StreamEnjin All-in-One Livestream Mixer လေးက Live Streaming, Content Mixing, Stream Capturing နဲ့ Editing စတဲ့လုပ်ဆောင်ချက်အားလုံးကို ပြုလုပ်ပေးနိုင်တဲ့ Streaming Device ကောင်းလေးတစ်လုံးပဲ ဖြစ်ပါတယ်။
All-in-One Device လေးမို့ Feature အစုံအလင်ပါဝင်တာကြောင့် Game Streaming လုပ်ချင်တဲ့ Gamers တွေ၊ Vloggers တွေနဲ့ Production သမားတွေအကြိုက်တွေ့ကြမယ့် ပစ္စည်းကောင်းလေးဆိုလည်း မမှားပါဘူး။
Video Input အတွက် 4K HDMI တစ်ခု၊ 1080P HDMI နှစ်ခုတို့ပါဝင်ပြီး Output အတွက် HDMI နှစ်ခု ပါဝင်တာကြောင့် Live Stream နှစ်ခုကို တပြိုင်နက်တည်း ထုတ်လွှင့်ပေးနိုင်ပါတယ်။ အသံပိုင်း controls တွေကလည်း scene တစ်ခုချင်းစီအတွက် အသံအတိုးအကျယ်ကို ထိန်းချုပ်ပေးဦးမှာပါ။
ကြည်လင်တဲ့ဗီဒီယိုကို အထစ်အငေါ့မရှိထုတ်လွှင့်နိုင်ဖို့ လိုင်းဆွဲအားကောင်းတဲ့ GBE LAN Port ကို တပ်ဆင်ပေးထားပြီး Wifi တော့ ပါဝင်မှာမဟုတ်ပါဘူး။
iPad နဲ့တွဲသုံးရမှာဖြစ်ပြီးတော့ App ကနေတဆင့် Image & Overlay Editing, Program Previewing နဲ့ Screen Transitioning တို့ကို အလွယ်တကူပြုလုပ်နိုင်မှာဖြစ်ပါတယ်။
လွယ်လွယ်ကူကူအသုံးပြုနိုင်အောင် ရိုးရှင်းတဲ့ controls ခလုတ်ဒီဇိုင်းလေးတွေနဲ့ ထုတ်ပေးထားပြီးတော့ ပေါ့ပေါ့ပါးပါးရှိတဲ့အတွက် ရွှေ့ပြောင်းအသုံးပြုရလည်း လွယ်ကူပါတယ်။
ဒီလို ဒီလို Feature တွေနဲ့ ပြည့်စုံတာကြောင့် အကောင်းဆုံးပုံရိပ်တွေကို အကြည်လင်ဆုံးရုပ်ထွက်နဲ့ တပြိုင်နက်ပြသချင်တယ်ဆိုရင် ဒီ All-in-One Streamenjin က သင့်အတွက်ပါပဲနော်။
အသေးစိတ်လေ့လာ/ဝယ်ယူရန် » https://bit.ly/3KmaN2R
“အိုင်စီတီ ဒေါ့ကွန် ဒေါ့အမ်အမ်“ မှာ



ဆက်သွယ်မေးမြန်းလိုပါက









Team ICT.com.mm