News, Review

မိတ်ဆွေရဲ့ ကွန်ပျူတာကို သုံးရတာ နှေးကွေးလေးလံနေတယ်လို့ ခံစားနေရပါသလား။

မိတ်ဆွေရဲ့ ကွန်ပျူတာကို သုံးရတာ နှေးကွေးလေးလံနေတယ်လို့ ခံစားနေရပါသလား။ ဒီနည်းလေးတွေကို လုပ်ပေးလိုက်ရင် အရင်ကထက်စာရင် ပေါ့ပါးလာတာကို ခံစားရမှာပါ။
(၁) Windows Key နဲ့ R ကို တွဲနှိပ်ပါ။ ပေါ်လာတဲ့ Run box ထဲမှာ prefetch လို့ ရိုက်ပြီး enter ခေါက်ပါ။ ပေါ်လာတဲ့ file တွေအကုန်လုံးကို select မှတ်ပြီး shit+Del နဲ့ ဖျက်ပစ်လိုက်ပါ။
(၂) Windows Key နဲ့ R ကို တွဲနှိပ်ပါ။ ပေါ်လာတဲ့ Run box ထဲမှာ %temp% လို့ ရိုက်ပြီး enter ခေါက်ပါ။ ပေါ်လာတဲ့ file တွေအကုန်လုံးကို select မှတ်ပြီး shit+Del နဲ့ ဖျက်ပစ်လိုက်ပါ။
(၃) Windows Key နဲ့ R ကို တွဲနှိပ်ပါ။ ပေါ်လာတဲ့ Run box ထဲမှာ tempလို့ ရိုက်ပြီး enter ခေါက်ပါ။ ပေါ်လာတဲ့ file တွေအကုန်လုံးကို select မှတ်ပြီး shit+Del နဲ့ ဖျက်ပစ်လိုက်ပါ။
(၄) Windows Key နဲ့ R ကို တွဲနှိပ်ပါ။ ပေါ်လာတဲ့ Run box ထဲမှာ cleanmgr လို့ ရိုက်ပြီး enter ခေါက်ပါ။ Disk Cleanup ဆိုတဲ့ box လေး ပေါ်လာပါလိမ့်မယ်။
ပေါ်လာတဲ့ box ထဲမှာ အားလုံးကို အမှန်ခြစ်ခြစ်ပေးပါ။ download ဆိုတဲ့နေရာလေးကို သတိထားပါ။ ဒေါင်းလုပ်လုပ်ထားတာတွေရှိရင်တော့ မခြစ်ဘဲ ထားခဲ့ရပါမယ်။
မဟုတ်ရင် ဒေါင်းလုပ်ဆွဲထားတာတွေ အကုန်ပျက်သွားပါလိမ့်မယ်။ အကုန်လုံး အမှန်ခြစ်ပေးပြီးရင် Ok ကို နှိပ်ပြီး နောက်တစ်ဆင့်မှာ ပေါ်လာတဲ့ Delete Files ကို နှိပ်ပြီး စက်ထဲက မလိုအပ်တဲ့အမှိုက်တွေကို ရှင်းထုတ်လိုက်ပါ။
ဒီအချက်လေးတွေ နေ့စဉ် သို့မဟုတ် တစ်ပတ်တစ်ခါလောက်လုပ်ပေးရင် သင့်စက် သိသိသာသာ ပေါ့ပါးလာတာကို မြင်တွေ့ခံစားရမှာပါ။ ဗဟုသုတ ရနိုင်မယ့် နည်းပညာနှင့်ပတ်သက်တဲ့ ဆောင်းပါးလေးတွေကို အမြဲဖတ်ရှုချင်တယ် ဆိုရင်တော့ ICT.com.mm Page ကို See First လုပ်ထားကြပါနော်။

Leave a Reply

Your email address will not be published. Required fields are marked *