News, Review

အားသွင်းစရာ မလိုဘူးဆိုတဲ့ လျှပ်စစ်ကားတစ်စီး ထွက်ပေါ်လာခဲ့ပါပြီ

အားသွင်းစရာ မလိုဘူးဆိုတဲ့ လျှပ်စစ်ကားတစ်စီး ထွက်ပေါ်လာခဲ့ပါပြီ။

Aptera Company က အားသွင်းစရာမလိုတဲ့ ဆိုလာစွမ်းအင်သုံးကားကို ထုတ်ဖော်ပြသလိုက်တာပါ။ ကားက မိုင် ၁,၀၀၀ အထိ သွားနိုင်ပြီး တစ်နာရီ ကီလိုဝပ် ၁၀၀ ပါဝင်တဲ့ ဘက်ထရီလည်း ပါလာမှာဖြစ်ပါတယ်။

ဘီးသုံးဘီးပါတဲ့ ကားသစ်ဟာ လူနှစ်ယောက် အထိ စီးနင်းနိုင်ပြီး ကားခေါင်မိုးမှာ ဆိုလာပြားထည့်သွင်းထားပါတယ်။ တစ်ရက်ကို ၄၅ မိုင်အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ထိပ်တန်းကားမော်ဒယ်ဆိုရင်တော့ ကားကို ပါကင်ထိုးထားချိန်မှာ ဆိုလာပြားကနေ အားသွင်းနိုင်ပေးပြီး ခရီးအကွာအဝေး မိုင် ၁,၀၀၀ အထိ မောင်းနှင်နိုင်မှာပါ။ Car and Driver သတင်းဖော်ပြချက်အရတော့ ကားက မောင်းနှင်နေစဉ်မှာ ဆိုလာစွမ်းအင်ကို အသုံးပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ကားပုံစံကတော့ ပုံထဲကလိုပဲ ဒီဇိုင်းကွေးကွေးလေးနဲ့ ပေါ့ပေါ့ပါးပါးလေးပါပဲ။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၅,၉၀၀ နဲ့ ဒေါ်လာ ၄၆,၀၀၀အကြား ကျသင့်ပြီး ၂၀၂၁ ခုနှစ်မှာ တင်ပို့ရောင်းချမယ်လို့ ဆိုပါတယ်။ ICT.com.mm ရဲ့ fan တွေ ဘယ်လိုသဘောရလဲ။ ဒီနိုင်ငံရောက်လာရင် စီးချင်ကြလား ပြောပေးသွားကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *