News, Promotion

အော်ဒီယိုဝါသနာအိုးတွေအတွက် Edifier ဆောင်းဘားတွေ၊ စပီကာတွေ စက်တင်ဘာပရိုမိုးရှင်း

အော်ဒီယိုဝါသနာအိုးတွေအတွက် Edifier ဆောင်းဘားတွေ၊ စပီကာတွေ စက်တင်ဘာပရိုမိုးရှင်း ဈေးသက်သက်သာသာနဲ့ ရမယ်ဗျို့။ ဒီလကုန်အထိ ရှိနေဦးမယ့် ပရိုမိုးရှင်းဖြစ်ပါတယ်။ Edifier B7 Sound Bar ကို 17% သက်သာစေမယ့် အထူးနှုန်းနဲ့ ပရိုမိုးရှင်းပေးနေပါတယ်။ အရင်ဈေးနှုန်း K350,000 အစား အခု K290,000 တည်းနဲ့ ရမှာပါ။

ဒီ Sound Bar လေးဟာ စမတ်တီဗီနဲ့ တွဲသုံးမယ်ဆို အင်မတန်လိုက်ဖက်ပါတယ်။ အသံအရည်အသွေး ထူးခြားကောင်းမွန်တဲ့အပြင် Bass အရသာခံစားနိုင်ဖို့ 8 လက်မ Subwoofer ပါပြီးသားဖြစ်ပါတယ်။ Input ပိုင်းမှာလည်း သာမန်စက်တွေလို Aux, Line in, Coaxial, Optical တွေပါဝင်တဲ့အပြင် Bluetooth နဲ့ အလွယ်တကူကြိုးမဲ့ချိတ်ဆက်လို့ရပါသေးတယ်။

https://www.ict.com.mm/product/edifier-b7-sound-bar-black/

🔵 တစ်ချိန်တည်းမှာပဲ Edifier R2750DB အနက်ရောင်စပီကာလေးကိုလည်း 10% သက်သက်သာသာနဲ့ ရမယ်ဗျ။Edifier R2750DB အနက်ရောင်စပီကာလေးကိုတော့ အရင်ဈေးနှုန်း K300,000 အစား အခု K270,000 တည်းနဲ့ ဝယ်လို့ရပြီမို့ အော်ဒီယိုဝါသနာအိုးတွေ ပျော်ပြီလေ။

စတီရီယိုရိုးရိုး (ဘယ်/ညာ) စပီကာနှစ်လုံးနဲ့ Ouput 2 Channel အမျိုးအစားဖြစ်ပြီး လစ်သီယံသတ္တုဘက်ထရီ ပါဝင်ပါတယ်။ Bookshelf Speakers (စာအုပ်စင်တင်စပီကာ) တွေထဲမှာတော့ အဆင့်အတန်းမြင့်တဲ့ စပီကာလေး ဖြစ်ပါတယ်။

https://www.ict.com.mm/produ…/edifier-r2750db-speaker-black/

Leave a Reply

Your email address will not be published. Required fields are marked *