ပဉ္စမအကြိမ်မြောက် Developer Conference ကို နိုဝင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ ရန်ကုန်မြို့ရှိ MICT Park တွင် ကျင်းပပြုလုပ်သွားမယ် လို့ သိရပါတယ်။
Developer Conference 2015 ကို မြန်မာနိုင်ငံ ကွန်ပျူတာကွန်ပျူတာ ပညာရှင်များအသင်း (MCPA) က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပွဲအတွင်း နည်းပညာရှင်များ၊ Developer များ၊ Networking ပညာရှင်များက ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ထို့ပြင် ပွဲအတွင်း နည်းပညာရှင်များက သက်ဆိုင်ရာ၊ စိတ်ဝင်စားစရာ ခေါင်းစဉ်အလိုက် ဆွေးနွေးကြမှာ ဖြစ်တဲ့အတွက် အတွေ့အကြုံဖလှယ်လိုသူများ၊ အသိပညာဗဟုသုတ ရလိုသော နည်းပညာရှင်များအတွက် အထူးသင့်တော်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။
Devloper Conference 2015 သို့ တက်ရောက်လိုသူများအနေနဲ့ ဝင်ကြေး လက်မှတ် ဝယ်ယူရမှာဖြစ်ပြီး လက်မှတ်တစ်ဆောင်လျှင် ကျပ် ၁၀ဝ၀ဝ (တစ်သောင်း) သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ပွဲနေ့မတိုင်ခင် Register လုပ်သူများအတွက် ၅၀ဝ၀ ကျပ်သာသတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။ ထို့နောက် MCPA Professional Member များအတွက် အခမဲ့ တက်ရောက်ခွင့်ရှိမယ့်အပြင်၊ MCPA Student Member များအတွက် အထူးနှုန်းအဖြစ် ကျပ် ၃၀ဝ၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ပွဲနှင့် ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များ၊ လာရောက်ဟောပြေမယ့်သူများ၊ ဟောပြောမယ့် ခေါင်းစဉ်များအကြောင်းကို အသေးစိတ် သိရှိချင်တယ်ဆိုရင်တော့ www.devconmyanmar.org (သို့) ဖုန်း ဝ၁ ၆၅၂၂၇၆၊ ဝ၉ ၇၃၀ ၈၈၃၀ဝ၊ email လိပ်စာ [email protected] သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။