News

ကင်မရာလောကကို တစ်ကျော့ပြန် ဝင်ရောက်လာတဲ့ Kodak

Kodak ဆိုတဲ့အမှတ်တံဆိပ်ဟာ ကင်မရာလောကအတွက်တော့ မဆန်းပါဘူး။ ဒါပေမယ့် အမှတ်တံဆိပ်သာကျန်ပြီး ခေတ်နဲ့အညီမလိုက်နိုင်တော့တဲ့အတွက် အခုနောက်ပိုင်းမှာ Kodak ဆိုတာ ဒဏ္ဍာရီလိုသာ ဖြစ်နေခဲ့တာ ကြာခဲ့ပြီလို့ဆိုနိုင်ပါတယ်။

ဒါပေမယ့် Kodak ဟာ ဒီတစ်ပတ်မှာ လုံခြုံရေးကင်မရာ ဖြစ်တဲ့ CFH-V20 အမည်ရတဲ့ ကင်မရာကို မိတ်ဆက်ပေးခဲ့ပါတယ်။ ကင်မရာဟာ ဈေးနှုန်း ဒေါ်လာ ၁၅၀ ရှိပြီး မြင့်မားတဲ့ စွမ်းဆောင်ရည်တွေလည်းရှိတာ တွေ့ရပါတယ်။

ကင်မရာဟာ 720p အရည်အသွေးကို streaming လုပ်နိုင်ပြီး 180 degree ရိုက်ကူးနိုင်ကာ night vision၊ motion detection၊ two-way talk built-in speaker နဲ့ microphone တို့ပါဝင်ပါတယ်။

ဒါ့အပြင် Kodak ဟာ V20 ရဲ့ image sensor ကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားပါတယ်။ ကင်မရာက 3.15 megapixel 1/3 inch sensor ပါဝင်ပြီး USB နဲ့အသုံးပြုနိုင်တဲ့အတွက် ခရီးသွားလာတဲ့နေရာမှာ USB ဘက်ထရီလေးထည့်ပြီး အသုံးပြုနိုင်ပါလိမ့်မယ်။

ကင်မရာအတွက် iSecurity+ ဆိုတဲ့ application ကိုလည်း ထုတ်လုပ်ထားပြီး Android (သို့) iOS နှစ်မျိုးလုံးနဲ့ အသုံးပြုနိုင်တဲ့အပြင် ထူးခြားချက်ကတော့ Cloud Storage ကို အထောက်အပံ့ပေးထားခြင်း ဖြစ်ပါတယ်။ Cloud Storage တွေကို တိုးမြှင့်ချင်တယ်ဆိုရင်လည်း ၃ ဒေါ်လာမှ စတင်ပြီး ဒေါ်လာ ၂၀ အထိ ပေးသွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *