မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အွန်လိုင်းမှတစ်ဆင့် မိုဘိုင်းဖုန်းများသို့ ငွေဖြည့်သွင်းနိုင်သည့် ဝန်ဆောင်မှုကို ၂၀၁၃ခုနှစ် မတ်လ ၇ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ ဝန်ဆောင်မှုအတွက် www.topup.com.mmကို အသုံးပြု၍ ဝန်ဆောင်မှုကို ရယူနိုင်ကာ ဝန်ဆောင်မှု ရယူလိုသူများ အနေဖြင့် MyanPay Account ရှိရမည် ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုတွင် GSM, WCDMA, CDMA, 800 MHz, 450 MHz မိုဘိုင်းဖုန်း Networkများအား တိုက်ရိုက် ငွေဖြည့်သွင်းနိုင်မည်ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုက Onlineကနေ အသုံးပြုသူရဲ့ မိုဘိုင်းဖုန်းထဲကို တိုက်ရိုက် ငွေဖြည့်သွင်းပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ အခု လက်ရှိမှာတော့ GSM, WCDMA, CDMA 800 MHz, 450 MHzဖုန်းတွေကို ငွေဖြည့်သွင်း ပေးလို့ရပါတယ်။ အသစ်ထွက်ရှိတဲ့ MECTel-CDMA 800 MHz Mobile Net-workတွေကိုလည်း ဝန်ဆောင်မှု ရရှိအောင် လုပ်ပေးမှာပါ။ Websiteမှာ ငွေပေးချေမှုကိုတော့ MyanPay Online Payment Gate-wayကို အသုံးပြုထားပါတယ်။
ပြီးတော့ Online Service ဖြစ်တဲ့အတွက် ၂၄ နာရီပတ်လုံး ဝန်ဆောင်မှု ရရှိမှာ ဖြစ်ပါတယ်”ဟု အဆိုပါ Websiteမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၎င်း Websiteတွင် ဝန်ဆောင်မှု ရရှိရန်အတွက် ရိုးရှင်းသော အဆင့် (၃)ဆင့်သာ လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရပြီး၊ ပထမအဆင့်တွင် မိမိငွေဖြည့်သွင်းလိုသော ငွေပမာဏနှင့် ဖုန်းနံပါတ်ကို ထည့်သွင်းပေးရန် လိုအပ်ကာဒုတိယအဆင့်တွင်Myan-Payဖြင့် ငွေပေးချေမှု ပြုလုပ်ရမည် ဖြစ်သည်။
တတိယအဆင့် အနေဖြင့် ငွေပေးချေပြီးနောက် မိမိ၏ မိုဘိုင်းဖုန်းသို့ ငွေဖြည့်သွင်းလိုက်သော ငွေပမာဏ ချက်ချင်း ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။ထူးခြားချက် အနေဖြင့် အဆိုပါ Websiteတွင် On-lineမှတစ်ဆင့် တိုက်ရိုက် ငွေဖြည့်သွင်းပေးခြင်း၊ ငွေဖြည့်သွင်းရန် လုပ်ဆောင်ချက်များမှာ ရိုးရှင်းလွယ်ကူခြင်းနှင့် အနည်းငယ်သာ ဆောင်ရွက်ရခြင်း၊Top Up Cardများအား ခဲခြစ်စရာမလိုအပ်ခြင်း၊ ငွေပေးချေပြီး ဖြည့်သွင်းလိုက်သော ငွေပမာဏ ချက်ချင်း ရောက်ရှိလာခြင်း၊ Online Service ဖြစ်သောကြောင့် ၂၄ နာရီပတ်လုံး ဝန်ဆောင်မှု ရရှိနိုင်ခြင်းတို့ ဖြစ်သည်။