အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသော သတ္တမအကြိမ် မြန်မာ့အလုပ်အကိုင် အခွင့်အလမ်းများပြပွဲ (Job Fair 2015) ကို July 24, 25, 26 နေ့များတွင် ရန်ကုန်မြို့တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံရှိ ထင်ရှားသောကုမ္ပဏီများ ပါဝင်ပြသသွားမည်ဖြစ်ပါသည်။ ဝန်ထမ်းအလိုရှိနေသော လုပ်ငန်းရှင်များနှင့် အလုပ်အလိုရှိနေကြသော လူငယ်များအချိန်ကုန် ငွေကုန်သက်သာစွာဖြင့် တစ်နေရာတည်းတွင် တွေ့ဆုံပြီး CV ဖောင်များ လက်ခံခြင်း၊ အင်တာဗျူးများပြုလုပ်ခြင်း၊ အလုပ်ခန့်အပ်ခြင်းများ တစ်ပြိုင်နက်တည်း ပြုလုပ်သွားနိုင်မည် ဖြစ် ပါသည်။ ယခင်ပထမအကြိမ်မြောက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (UMFCCI) သို့ အလုပ်လာလျှောက်ထားသူ တစ်သောင်းကျော်၊ ဒုတိကအကြိမ် အလုပ်အကိုင်အခွင့်အလမ်းများပြပွဲ (တပ်မတော်ခန်းမ) သို့ အလုပ်လာရောက်လျှာက်ထားသူ သုံးသောင်းငါးထောင်ကျော်၊ တတိယအကြိမ် (တပ်မတော်ခန်းမ) သို့ သုံးသောင်းကျော်၊ စတုတ္ထအကြိမ် (တပ်မတော်ခန်းမ) သို့ သုံးသောင်းကျော်၊ ပဉ္စမအကြိမ် သုံးသောင်ခန့်နှင့် ဆဌမအကြိမ် နှစ်သာင်းငါးထောင်ခန့် အထိရှိခဲ့ပါသည်။ ထို့အပြင်ထင်ရှားကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင်များ၏ ဟောပြောပွဲများ၊ ဖုန်းဟန်းဆက် ကံစမ်းမဲ အစီအစဉ်များလည်း ထည့်သွင်းထားပါသည်။ သိုပါ၍ လူကြီးမင်းတို့ကုမ္ပဏီမှ Co Sponsor အဖြစ်ပါဝင်ကူညီပေးနိုင်ပါရန် လေးစားစွာအသိပေးအပ်ပါသည်။
Co Sponsor Fees = 1,500,000 Kyats
Co Sponsor ရရှိမည့်အခွင့်အရေးများ
(1) ရန်ကုန်မြို့ရှိ နေရာ 5 နေရာမှ8 နေရာထိ Bill Board (20’ – 9’ ) တွင်ဖော်ပြပါရှိမည်။
(2) 3.5 သိန်း တန် Booth တစ်ခု အခမဲ့ရရှိပါမည်။
(3) သတင်းစာ 5 ကြိမ်၊ ဂျာနယ်များတွင် 10 ကြိမ် ကြော်ငြာပေးပါမည်။
(4) တပ်မတော်ခန်းမ အဝင်တွင်လည်း (3ပေ-6ပေ) ဗီနိုင်း (6 )ခုဖြင့် ကြော်ငြာပေးမည်ဖြစ်သည်။