News

ကမ္ဘာ့လောင်စာဆီဈေးနှုန်းများနှင့် လောင်စာဆီအတွက် တစ်ဦးချင်း နေ့စဉ် ကုန်ကျငွေအပေါ် Motors.com.mm ၏ လေ့လာဆန်းစစ်မှု

ကမ္ဘာ့လောင်စာဆီဈေးနှုန်းများနှင့် လောင်စာဆီအတွက် တစ်ဦးချင်း နေ့စဉ် ကုန်ကျငွေအပေါ် Motors.com.mm ၏ လေ့လာဆန်းစစ်မှု

ဂျာမနီ ဘာလင် ။ ။ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ၏အဆိုအရ စီးပွားရေးဖွံ့ဖြိုးလာမှု နှင့်အတူ လောင်စာဆီဈေးနှုန်းများ ကျဆင်းလာပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လောင်စာဆီဝယ်လိုအားမှာလည်း တစ်ရိပ်ရိပ်မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လောင်စာဆီဝယ်လိုအားမှာ တစ်နေ့လျှင် စည်ပေါင်း ၉၂.၆ သန်းရှိပြီး ၂၀၁၅ ခုနှစ်တွင်ဝယ်လိုအား ၁.၄ သန်း (စုစုပေါင်း ၉၄ သန်း) အထိမြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ မြန်မာ့နံပါတ်တစ် အွန်လိုင်းကားအရောင်းအဝယ် ဈေးကွက်ဖြစ်သည့် Motors.com.mm မှ ကမ္ဘာတစ်ဝှမ်းဖွံ့ဖြိုးဆဲဈေးကွက် (၁၈) ခုရှိ လောင်စာဆီဈေးနှုန်းများနှင့် လောင်စာဆီအတွက် နိုင်ငံသားတစ်ဦးချင်းစီ၏ နေ့စဉ်ဝင်ငွေထဲမှ ကုန်ကျသည့်ပမာဏတို့ကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ထားပါသည်။

မြန်မာနိုင်ငံတွင် လောင်စာဆီ (ဓာတ်ဆီ) တစ်လီတာလျှင် ပျှမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ဝ.၈၂ ဒေါ်လာ (၉၂၄.၂၄ ကျပ်ဝန်းကျင်) ခန့်ရှိပြီး မြန်မာနိုင်ငံထက် ဓာတ်ဆီတစ်လီတာ ဈေးပိုမိုသက်သာသော နိုင်ငံများမှာ ထိပ်တန်း ရေနံထုတ်လုပ်သည့် နိုင်ငံများဖြစ်သော ပါကစ္စတန်၊ ဂါနာ၊ အင်ဒိုနီးရှား၊ ယူအေအီး (ဝ.၄၇ ဒေါ်လာ)၊ နိုင်ဂျီးရီးယား(ဝ.၉၈ ဒေါ်လာ)၊ ကာတာ(ဝ.၂၆ ဒေါ်လာ)၊ ဆော်ဒီအာရေဗျ (ဝ.၁၅ ဒေါ်လာ) တို့မှာ အစဉ်လိုက်ရပ်တည်လျက်ရှိသည်။ ထို့ပြင်မြန်မာနိုင်ငံရှိ ပျှမ်းမျှလောင်စာဆီ တစ်လီတာဈေးနှုန်းသည် မြန်မာနိုင်ငံသားတစ်ဦး ပျှမ်းမျှတစ်နေ့ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းကျော် ပမာဏဖြစ်သည်။ အဆိုပါပမာဏမှာ အရှေ့တောင်အာရှရှိ အင်ဒိုနီးရှား၊ အာဖရိတိုက်ရှိ အိုင်ဗရီကိုစ့်နိုင်ငံတို့၏ နိုင်ငံသားတစ်ဦးပျှမ်းမျှ တစ်နေ့ဝင်ငွေအပေါ် လောင်စာဆီတစ်လီတာအချိုးအစားနှင့် အတူတူဖြစ်သည်။

တစ်ဦးချင်းပျှမ်းမျှ နေ့စဉ်ဝင်ငွေအပေါ် လောင်စာဆီဈေးနှုန်း အချိုးအစားဇယားတွင် မြန်မာနိုင်ငံထက် များပြားနေသည့်နိုင်ငံ (၆) နိုင်ငံရှိပြီး ကင်မရွန်း (တစ်ဦးချင်းဝင်ငွေ၏ ၄၀ % နီးပါး)၊ သီရိလင်္ကာ (တစ်ဦးချင်းဝင်ငွေ၏ ၄၅ % နီးပါး)၊ ဆီနီဂေါ (တစ်ဦးချင်းဝင်ငွေ၏ ၅၀ %)၊ တန်ဇေနီးယား(တစ်ဦးချင်းဝင်ငွေ၏ ၆၀ %)၊ ရဝမ်ဒါ(တစ်ဦးချင်းဝင်ငွေ၏ ၇၅ % ကျော်)၊ ကွန်ဂို (တစ်ဦးချင်းဝင်ငွေ၏ ၁၁၀ %) တို့ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၁၅ နှစ်ဦးပိုင်းကတည်းက လောင်စာဆီဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးသည် ဓာတ်ဆီတစ်လီတာ ဝယ်ယူရန်အတွက် ၄င်းတို့၏ ပျှမ်းမျှနေ့စဉ်ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းသုံးစွဲရသည်။

သီရိလင်္ကာနိုင်ငံတွင်မူ လောင်စာဆီတစ်လီတာဈေးမှာ အမေရိကန်ဒေါ်လာ ဝ.၉၆ ဒေါ်လာဖြစ်ပြီး ပျှမ်းမျှနေ့စဉ်ဝင်ငွေ၏ ၄၅ ရာခိုင်နှုန်းဖြစ်သည်။ Motors.com.mm သည် ယခုလေ့လာဆန်းစစ်ချက်နှင့် ပုံပြဇယားကို ၂၀၁၅ ခုနှစ် ဇွန်လအတွင်း လောင်စာဆီဈေးနှုန်းများနှင့် နိုင်ဂျီးရီးယားအမျိုးသား စာရင်းဗျူရို၊ ဖိလစ်ပိုင်အလုပ်သမားနှင့် အလုပ်အကိုင်ဗျူရို၏ စာရင်းများ၊ The Pan African Bank၊ Crédit Agricole၊ Trading Economics၊ Global Petrol Prices နှင့် World Vision တို့၏ အချက်အလက်များကို မှီငြမ်းလေ့လာခဲ့ပါသည်။ ဗီယက်နမ်(၂၀၁၅)နှင့် သီရိလင်္ကာ (တစ်ဦးချင်း ဂျီဒီပီ) တို့မှလွဲ၍ နိုင်ငံအားလုံး၏ ၂၀၁၄ ဝင်ငွေဆိုင်ရာ အချက်အလက်များကို အသုံးပြုခဲ့ပါသည်။

Carmudi အကြောင်း

Carmudi ကို ၂၀၁၃ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကာတာ၊ ဆော်ဒီ အာရေဗျ၊ ယူအေအီး၊ မက္ကဆီကို၊ ဘင်္ဂလားဒစ်ရှ်၊ ကင်မရွန်း၊ ကွန်ဂို၊ ဂါနာ၊ အိုင်ဗရီကိုစ့်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆီနီဂေါ်၊ သီရိလင်္ကာ၊ တန်ဇေးနီးယား၊ ရဝမ်ဒါ၊ ဇမ်ဘီယာ နိုင်ငံများတွင် လုပ်ငန်းလည်ပတ်လျှက်ရှိသည်။ ကားဝယ်လိုသူများ၊ ကားရောင်းချသူများနှင့် ကားအရောင်းအဝယ် ပြုလုပ်သူများအနေဖြင့် ကားများ၊ ဆိုင်ကယ်များနှင့် စီးပွားရေးလုပ်ငန်းသုံး ယာဉ်များကို အွန်လိုင်းတွင် လွယ်ကူစွာရှာဖွေနိုင်ရန် ဝန်ဆောင်မှုပေးထား သည့် အွန်လိုင်းမော်တော်ယာဉ် ဈေးကွက်တစ်ခု ဖြစ်သည်။

Motors.com.mm အကြောင်း

Motors.com.mm သည် ပြည်တွင်းရှိ မော်တော်ယာဉ် အရောင်းပြခန်းပေါင်း (၂၂၀)၊ ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ရောင်းဝယ်ရေး စခန်းလေးခုရှိ မော်တော်ယာဉ်အကျိုးဆောင်များ၊ တစ်သီးပုဂ္ဂလ မော်တော်ယာဉ်ရောင်းဝယ်သူများ စသည့်ပြည်တွင်း မော်တော်ယာဉ်ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်သူများ၏ (၉၅) ရာခိုင်နှုန်းကျော်နှင့် ချိတ်ဆက်ထားပြီး လုပ်ငန်းလည်ပတ်လျက်ရှိသော ဆောင်ရွက်လျက်ရှိသော အွန်လိုင်းအခြေပြု မော်တော်ယာဉ်ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်ဒ်တစ်ခု ဖြစ်ပါသည်။ Motors.com.mm သည် ဂျာမနီအခြေစိုက် အွန်လိုင်းအခြေပြုစီးပွားရေးလုပ်ငန်းကြီး တစ်ခုဖြစ်သည့် Rocket Internet ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းအခြေပြု ကားအရောင်းအဝယ်လုပ်ငန်း Carmudi.com ၏ မြန်မာနိုင်ငံကိုယ်စားပြု ဝက်ဘ်ဆိုက်ဒ်တစ်ခုဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *