Featured, Lifestyle, News

သင့်ဘ၀ကို ချမ်းသာကြွယ်၀စေမယ့် နေ့စဉ် အလေ့အကျင့် ၂၀

သင့်ဘ၀ကို ချမ်းသာကြွယ်၀စေမယ့် နေ့စဉ် အလေ့အကျင့် ၂၀

စွန့်ဦးတီထွင် လုပ်ငန်းရှင်များနဲ့ စီးပွားရေး လုပ်ငန်းရှင်များအနေနဲ့ အားလပ်ချိန်နည်းပါးတဲ့အတွက် ဘ၀ကို တိုးတက်စေမယ့် အလေ့အကျင့်များကို ပြုလုပ်ဖို့ မေ့နေကြပါတယ်။ ဒီဆောင်းပါးမှာ ဘ၀ကို တိုးတက်စေမယ့် နေ့စဉ် ပြုလုပ်သင့်တဲ့ အလေ့အကျင့်ကောင်း ၂၀ ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စဉ်ဆက်မပြတ် အလုပ်လုပ်ပါ။

၂။ လက်ရှိ အခြေအနေတွေ အပေါ် ကိုယ့်ကိုကိုယ် ဝေဖန်သုံးသပ်ပါ။ ရည်မှန်းချက်ကြီးကြီး ထားရှိပြီး သင့်ရဲ့ ဝိညဉ်၊ ခန္ဓာကိုယ်နဲ့ အိပ်မက်တွေထဲမှာ အဲဒီရည်မှန်းချက်ကို စူးစူးနစ်နစ် မြှပ်နှံထားပါ။

၃။ လူရှင်းပြီး တိတ်ဆိတ်တဲ့ နေရာမှာ စဉ်းစား ပုံဖော်ပါ။

၄။ သင့်ရဲ့ အဓိက ရည်မှန်းချက်ကို မှတ်စုကဒ်ပြားမှာ ချရေးထားပြီး တစ်နေ့ကို ငါးကြိမ်ကြည့်ပါ။

၅။ ရေများများသောက်ပါ။ ရေငတ်နေရင်တော့ သင့်ရဲ့ အကောင်းဆုံး စွမ်းရည်ကို ရရှိမှာ မဟုတ်ပါဘူး။ စွမ်းဆောင်ရည် မြင့်မြင့်မားမား ပြုလုပ်ဖို့ ကျွန်တော်တို့ စိတ်နဲ့ ကိုယ်ခန္ဓာဟာ ရေများများ လိုအပ်ပါတယ်။

၆။ အစားကောင်းကောင်းစားပါ။ ညံ့ဖျင်းတဲ့ ရလဒ်တွေကို မလိုချင်ရင် ညံ့ဖျင်းတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ပါ။ ပြောရရင်တော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ စားသောက်တဲ့ အရာတွေပါပဲ။

၇။ ချွေးထွက်ပါစေ။ အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့ အကောင်းဆုံးထဲက တစ်နည်းက လေ့ကျင့်ခန်းလုပ်တာပါ။ Gymမှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် လေ့ကျင့်ခန်း လုပ်ဖြစ်အောင် လုပ်ပါ။

၈။ စာအုပ်တစ်အုပ်ကို ၁၅ မိနစ်ကနေ ၂၀ မိနစ် အထိဖတ်ပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ လေ့ကျင့်ခန်းလိုသလိုပါပဲ။ ကျွန်တော်တို့ရဲ့ စိတ်တွေဟာလည်း ကြံ့ခိုင်ဖို့ စာဖတ်ရမှာပါ။

၉။ သင့်ကို အားပေးကူညီသူများနဲ့ အချိန်ဖြုန်းပြီး သင့်ရဲ့ အတွေးစိတ်ကူးကို အကောင်အထည်ဖော်ပါ။ ကျွန်တော်တို့ဟာ အပေါင်းအသင်းနဲ့ နေတတ်တဲ့ သတ္တဝါတွေပါ။ သင့်ရဲ့ အပေါင်းအဖော်များကို မှန်ကန်စွာ ရွေးချယ်ပါ။

၁၀။ အချိန်ပေးပါ။ မိနစ် သုံးဆယ်ကနေ တစ်နာရီ အချိန်ပေးပြီး သင့်ဘ၀တိုးတက်ဖို့ တွေးခေါ်ပါ။

၁၁။ ကားထဲက သီချင်းပိတ်ပြီး Audio Bookများ နားထောင်ပါ။ လူအများစုဟာ နေ့စဉ်ကားထဲမှာ အချိန်ကုန်တတ်ပါတယ်။ ကားထဲမှာ ရှိနေချိန်မှာလည်း သင့်ဘ၀ကို တိုးတက်ဖို့ ကြိုးစားသင်ယူပါ။

၁၂။ ဂျာနယ်တစ်စောင် သိမ်းထားပါ။ သင့်ရဲ့ အတွေးစိတ်ကူးနဲ့ နည်းဗျူဟာများကို မှတ်တမ်းတင်ပါ။ ကျွန်တော်တို့ဟာ တစ်နေ့ကို အကြိမ် ၂၀ ၀၀၀ ကနေ ၆၀ ၀၀၀ အထိ စဉ်းစားလေ့ရှိပါတယ်။ သင့်ရဲ့ အဖိုးတန် စိတ်ကူးတွေကို ပျောက်ပျက်မသွားပါစေနဲ့။ သင့်မှတ်ညဏ်ကိုပဲ အားကိုးလို့ မရပါဘူး။

၁၃။ စိတ်ချမ်းသာစရာများကို တွေးပါ။ ကမ္ဘာမြေကြီးဟာ ဘယ်လောက် လှပတယ် ဒါမှမဟုတ် သင့်မိသားစုဟာ ပျော်စရာကောင်းတယ်ဆိုတဲ့ ရိုးရှင်းတဲ့ အတွေးတွေကို တွေးပါ။ သင်ပိုင်ဆိုင်နေတာကို ၀မ်းမြောက်ပါ။ ဒါဆိုရင်နောက်ထပ် လိုအင်ဆန္ဒတွေ ပေါ်လာမှာ မဟုတ်တော့ပါဘူး။

၁၄။ ဗာဒံစေ့ စားပါ။ သင့်ရဲ့ စွမ်းအင်ကို တိုးပွားစေပြီး စွမ်းဆောင်ရည် အမြင့်ဆုံးကိုပေးစွမ်းနိုင်တဲ့ ပရိုတင်းနဲ့ သတ္တုဓါတ်တွေ ပါရှိပါတယ်။

၁၅။ ချစ်တယ်လို့ မကြာခဏပြောပါ။ သင့်ဘ၀ရဲ့ အရေးကြီးဆုံးလူတွေကို နေ့စဉ် ချစ်တယ်လို့ ပြောပေးပါ။ ဘ၀ဟာ တိုတိုလေးပါ။ ချစ်တယ်ဆိုတဲ့ စကားလေးကို ပြောခြင်းဖြင့် စိတ်ကျေနပ်မှုတွေ ရရှိစေမှာပါ။

၁၆။ သင့်ကို ဆက်ဆံစေချင်သလို သူများတွေကို အဲဒီလို ဆက်ဆံပါ။ စီးပွားရေးနယ်ပယ်မှာ ဖြစ်ဖြစ်၊ ဘ၀မှာ ဖြစ်ဖြစ် လူတွေဟာ အရေးပါပါတယ်။ နယ်ပယ်တိုင်းမှာ အောင်မြင်ချင်ရင်တော့ သင်နဲ့ ဆက်ဆံနေရတဲ့ လူတွေ အားလုံးကို ကောင်းမွန်စွာ ဆက်ဆံပါ။

၁၇။ ဟင်းသီးဟင်းရွက်များကို စားသုံးပါ။ ကော်ဖီအစား အရသာရှိ၊ အားဖြစ်စေပြီး ၊ ကျန်းမာစေတဲ့ ဟင်းသီးဟင်းရွက်များကို စားသုံးပါ။

၁၈။ သင့်ကို အောင်မြင်တိုးတက်စေမယ့် ဆိုရိုးစကားများကို မှတ်စုမှာ ရေးမှတ်ပါ။ သင့်ကို စိတ်ဓါတ်ကျစေမယ့် အချိန်တစ်ခုကိုတော့ နေ့စဉ် တွေ့ကြုံနေရမှာပါ။ သင့်ကို စိတ်ခွန်အားဖြစ်စေမယ့် ဆိုရိုးစကားတွေနဲ့ သင့်စိတ်ကို အစာကျွေးခြင်းဖြင့် သင့်ရဲ့ ရည်မှန်းချက် လမ်းကြောင်းကို ပြန်လည်ရောက်ရှိစေမှာပါ။

၁၉။ အနှောင့်အယှက်တွေကို ဖယ်ရှားပါ။ အလုပ်လုပ်ချိန်မှာ အလုပ်လုပ်ပါ။ နားချိန်မှာ နားပါ။ ကွန်ပြူတာနဲ့ အလုပ်လုပ်ချိန်မှာ Facebookနဲ့ အခြား Social Mediaတွေမှာ အချိန်ဖြုန်းမနေပါနဲ့။ ရုံးခန်းထဲမှာ ဆိုရင် မနှောင့်ယှက်ဖို့ ဆိုင်းဘုတ်ချိတ်ထားပါ။ လက်ရှိအလုပ်ကို အာရုံစိုက်ပါ။

၂၀။ သင့်ဘ၀အတွက် တာ၀န်ယူပါ။ သင့်ဘ၀ရဲ့ အမှားတွေကို သူများတွေကို လွှဲချမနေဘဲနဲ့ ကိုယ်တိုင် တာ၀န်ယူပါ။

အောင်မြင်မယ့် အလေ့အကျင့်တွေကို မွေးမြူခြင်းဟာ သင့်ရဲ့ ရည်မှန်းချက်တွေကို ရရှိစေမယ့် သေချာပေါက်နည်းလမ်းများပါပဲ။ နေ့စဉ် ပြုလုပ်တဲ့ အရာတွေဟာ ကျွန်တော်တို့ ဘ၀တွေကို ပုံဖော်နေတာပါ။ သင့်ရဲ့ ရလဒ်တွေကို မနှစ်သက်ရင်တော့ အမူအကျင့်တွေကို ပြောင်းလဲပါ။ အပေါ်မှာ ဖော်ပြထားတဲံ အချက်နှစ်ဆယ်ဟာ သင့်ဘ၀ကို အံ့အားသင့်စရာကောင်းအောင် အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *