Featured, News

ဒေါ်လာ ၉.၈ Trillionအထိ ကုန်ကျစေတဲ့ အကြမ်းဖက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ အကျိုးသက်ရောင်မှု စစ်တမ်းအရ ကမ္ဘာ့ အငြိမ်းချမ်းဆုံးနဲ့ ဆူပူမှုအဖြစ်ဆုံး နိုင်ငံများ

ဒေါ်လာ ၉.၈ Trillionအထိ ကုန်ကျစေတဲ့ အကြမ်းဖက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ အကျိုးသက်ရောင်မှု စစ်တမ်းအရ ကမ္ဘာ့ အငြိမ်းချမ်းဆုံးနဲ့ ဆူပူမှုအဖြစ်ဆုံး နိုင်ငံများ

၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံများ

ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး အညွှန်းကိန်းဟာ စီးပွားရေးနဲ့ ငြိမ်းချမ်းရေး တက္ကသိုလ်မှ ပြုလုပ်တဲ့ စစ်တမ်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်အတွက် စစ်တမ်းကို မကြာမီက ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ထိခိုက်မှုဟာ ၂၀၁၃ ခုနှစ်မှာ ဒေါ်လာ ၉.၈ ထရီလီယမ် ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က နှုန်းဖြစ်တဲ့ ၁၇၉ ဘီလီယမ်ထက် များပြားလာတာပါ။ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး အညွှန်းကိန်း (GPI) ဟာ အကြမ်းဖက်မှု ပုံသဏ္ဍာန်များကို လေ့လာခဲ့ပါတယ်။ အဲဒါတွေကတော့ ဖြစ်ပျက်နေတဲ့ နေရာ၊ နောက်ဘယ်နေရာမှာ ဖြစ်မလဲဆိုတာနဲ့ အဲဒီနိုင်ငံတွေမှာ နေထိုင်ရင် ကုန်ကျမယ့် စရိတ်တွေပါပဲ။

GPIအရ ၂၀၁၃ ကနေ ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံ ဆယ်နိုင်ငံမှာ Iceland, Denmark, Austria, New Zealand, Switzerland, Finland, Canada, Japan, Belgium, Norway တို့ဖြစ်ပါတယ်။ အကြမ်းဖက်မှု အများဆုံးနိုင်ငံတွေက Syria, Afghanistan, South Sudan, Iraq, Somalia, Sudan, Central African Republic, Democratic Republic of the Congo, Pakistan, and North Korea တို့ ဖြစ်ပါတယ်။

ငြိမ်းချမ်းမှု နည်းပါးတဲ့ နိုင်ငံ ၂၈ ခုထဲမှာမှ ၂၀၁၃ ခုနှစ်က ဒေတာများအရ ပိုမိုဆိုးရွားလာတဲ့ နိုင်ငံ ဆယ်နိုင်ငံရှိပါတယ်။ အဲဒါတွေကတော့ Zambia, Haiti, Argentina, Chad, Bosnia & Herzegovina, Nepal, Burundi, Georgia, Liberia, and Qatar တို့ဖြစ်ပါတယ်။ မကြာခင်က သတင်းခေါင်းစီးတွေမှာ မြင်တွေ့ရတဲ့ ယူကရိန်းနဲ့ အီရတ်တို့ကတော့ စာရင်းမှာ မပါလာပါဘူး။ စစ်တမ်းရဲ့ မှတ်ချက်အရ ကမ္ဘာကြီးဟာ ငြိမ်းချမ်းမှု တစ်ဖြည်းဖြည်းနည်းလာတယ်လို့ ဆိုပါတယ်။

GPIအရ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ကျဆင်းလာတာဟာ လွန်ခဲ့တဲ့ ခုနစ်နှစ်က အကျိုးသက်ရောက်မှုတွေကြောင့်လို့ ဆိုပါတယ်။ အိုက်စလန်လို ငြိမ်းချမ်းရေး ထိန်းသိမ်းနိုင်လာတဲ့ နိုင်ငံများစွာကြောင့် ကမ္ဘာကြီးဟာ အနည်းငယ်သာ ငြိမ်းချမ်းမှု ကျဆင်းလာတာလို့ ဆိုနိုင်ပါတယ်။ အိုက်စလန် မနှစ်က ငြိမ်းချမ်းတဲ့ ထိပ်တန်းနိုင်ငံစာရင်းမှာ ထိပ်ဆုံးပါ။ အခုလည်း ဆက်လက် ရပ်တည်နေပါတယ်။

အညွှန်းကိန်းဟာ အခြားကောင်းသတင်းတွေကိုလည်း ယူဆောင်လာပါသေးတယ်။ Georgia, Cote D’Ivoire, Libya, Burundi, and Mongollia နိုင်ငံတွေဟာ ငြိမ်းချမ်းရေး ရမှတ်တွေမှာ အကြီးမားဆုံး တိုးတက်လာပါတယ်။ ၂၀၁၃ မှာ အကြမ်းဖက်မှု အကြီးဆုံးဖြစ်လာတာကတော့ South Sudan, Egypt, Central African Republic, Ukraine, and Syria တို့ပါပဲ။

GPIဟာ နိုင်ငံတစ်ခုချင်းစီအတွက် အညွှန်း ၂၂ ခုကနေ ရမှတ်တွေနဲ့ အဆင့်တွေကို တွက်ချက်တာပါ။ အညွှန်းတွေက အကြမ်းဖက် လှုပ်ရှားမှုများ၊ ပြည်တွင်းပြည်ပ သဘောကွဲလွဲမှုများ၊ နိုင်ငံရေး အကြမ်းဖက်မှုများ၊ လူတစ်သိန်းမှာ လူသတ်မှု အရေအတွက်၊ လူတစ်သိန်းမှာ လက်နက်ကိုင်အရေအတွက် စတာတွေပါ။

အကြမ်းဖက်မှုဟာ ၂၀၁၃ ခုနှစ်မှာ အမေရိကန်ကို အဓိက အကျိုးသက်ရောက်ပါတယ်။ အဲဒါကတော့ ဘော့စတွန် မာရသွန်မှာ ဗုံးပေါက်ကွဲမှုပါ။ အမေရိကန်ဟာ ၂၀၁၂ ခုနှစ်မှာ အဆင့် ၈၈ နေရာ ကနေ ၂၀၁၃ ခုနှစ်မှာ အဆင့် ၁၀၁ ကို ကျဆင်းသွားပါတယ်။ အမေရိကန်ထဲမှာတော့ လူ၀စ်စီယားနားက အန္တရာယ် အရှိဆုံးနဲ့ မိန်းက အငြိမ်းချမ်းဆုံးဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *