Apps, Featured, How-to, Review

သင့်ကွန်ပြူတာမှ ဖိုင်များကို ခြေရာခံမရအောင် ဖျောက်ဖျက်နည်းများ

How to Delete Something Permanently From Your Computer

သင့်ကွန်ပြူတာမှာ ဖိုင်တစ်ခုကို ခြေရာခံမရအောင် ဖျောက်ဖျက်ချင်ရင်တော့ သမားရိုးကျနည်းဖြစ်တဲ့ ဖိုင်ကို Dragဆွဲပြီး အမှိုက်ပုံးထဲထည့်ရုံနဲ့ မရပါဘူး။

သင့်ကွန်ပြူတာက အမှိုက်ပုံးဟာ Desktopပေါ်ကနေသာ ဖိုင်တစ်ခုကို ရှင်းလင်းပေးတာပါ။ အမှိုက်ပုံးထဲက ဖိုင်တွေကို ရှင်းလင်းလိုက်ရင်တောင် အဲဒီဖိုင်ကို ဖျက်ပေးတာမဟုတ်ဘဲ ဖိုင်သိမ်းထားတဲ့ လမ်းကြောင်းကိုသာ ဖျက်ပေးတာပါ။ ဖိုင်ဟာ သင့် Hard Driveထဲမှာ ရှိနေတုန်းပါပဲ။ ပြန်လည်ရယူဖို့ ခက်ခဲပေမယ့် ရယူနိုင်တဲ့ ဆော့ဝဲတွေရှိနေပါတယ်။

ဖိုင်တစ်ခုကို ပြန်ရှာမရအောင် ဖျက်ချင်ရင်တော့ လွယ်ကူထိရောက်တဲ့ နည်းလမ်းတွေရှိနေပါတယ်။ အဲဒီဆော့ဝဲတွေက အပြီးတိုင်ဖျက်ချင်တဲ့ဖိုင်ရဲ့ ဒေတာတွေကို အခြားဒေတာတွေနဲ့ Overwriteလုပ်လိုက်တာပါ။

Eraser (Windows)

Eraserက ၀င်းဒိုးကွန်ပြူတာက ဖိုင်တွေကို ရှာဖွေပေးပြီး ဖိုင်ရဲ့ လမ်းကြောင်းကို မဖျက်ခင် တစ်နည်းအားဖြင့် ဖိုင်ကို မဖျက်ခင်မှာ သူ့ရဲ့ ဒေတာတွေကို အခြားဒေတာတွေနဲ့ အစားထိုးလိုက်တာပါ။ Eraserကို အင်စတော လုပ်ပြီးတာနဲ့ ဖျက်ချင်တဲ့ ဖိုင်အပေါ်မှာ Right-Clickနှိပ်ပြီး Eraser Iconကို နှိပ်ပါ။ ပြီးရင် Eraseကို နှိပ်ပါ။

ဖျက်ချင်တဲ့ဖိုင်ကို ဘယ်နှစ်ခါ Overwriteလုပ်မလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။ အကြိမ် ၂၀ ဆိုရင်တော့ စိတ်ချရပါတယ်။ ဒါပေမယ့်လည်း ၂ ကြိမ်၊ ၃ ကြိမ်နဲ့လည်း အလုပ်ဖြစ်ပါတယ်။

ဖိုင်ကို Overwriteလုပ်ပြီးတာနဲ့ ခြေရာခံ ပြန်ရှာလို့ မရတော့တာကို သတိပြုပါ။ အမှိုက်ပုံးထဲက ဖိုင်တွေကို Eraserကို ဖျက်ခိုင်းဖို့နဲ့ အချိန်သတ်မှတ်ပြီး အလိုအလျှောက်ဖျက်ဆီးဖို့ ခိုင်းစေနိုင်ပါတယ်။

CCleaner (Windows)

ဖိုင်တွေကို သာမာန်အတိုင်းဖျက်ဆီးပြီးပြီ ဆိုရင် ဒါမှမဟုတ် ကွန်ပြူတာထဲမှာ အစဖော်မရအောင် ဖျက်ချင်တဲ့ ဖိုင်တွေရှိရင် CCleanerကို အခမဲ့သုံးနိုင်ပါတယ်။

CCleanerက အမှိုက်ပုံး၊ ဘရောက်စာ ၊ ဖိုဒါ စတဲ့ သင့်ကွန်ပြူတာမှ Appsတွေနဲ့ သီးခြားနေရာများမှဖိုင်တွေကို ဖျက်ဆီးပေးနိုင်ပါတယ်။ ဖျက်လိုက်တဲ့ ဖိုင်တွေရဲ့ ဒေတာတွေကို ရှင်းထုတ်ပြီး နေရာလွတ်အဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။

Eraserလိုပဲ CCleanerကလည်း Overwriteဘယ်နှစ်ကြိမ်လုပ်မလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။ ပြီးရင်တော့ နေရာလွတ်များရရှိပြီး အသုံးပြုနိုင်ပါပြီ။

Secure Empty Trash (Apple)

Apple Computerမှာ ဖိုင်တွေကို အပြီးတိုင်ဖျက်ဖို့တော့ အခြား ဆော့ဝဲတွေမလိုအပ်ပါဘူး။ ဖိုင်ကို Dragဆွဲပြီး အမှိုက်ပုံးထဲထည့်လိုက်တာနဲ့ အပြီးတိုင် ဖျက်ပေးမှာပါ။ ပြီးရင် Finder>Secure Empty Trashကို နှိပ်လိုက်ရုံပါပဲ။ Hard Driveတစ်ခုလုံးကို စိတ်ချလက်ချဖျက်ချင်ရင် Disk Utility Appကို ဖွင့်ပြီး Eraseကို နှိပ်ပါ။ ပြီးရင် Security Optionsကို နှိပ်ပါ။

ဒီဖြစ်စဉ်ကို လျှင်မြန်ချင်ရင်တော့ FileShredderကို ၃.၃၉ ဒေါ်လာနဲ့ ၀ယ်ယူအသုံးပြုပါ။ ဖိုင်ကို Dragဆွဲပြီး အမှိုက်ပုံးထဲထည့်ရမယ့် အစား Appကို သုံးပြီး Overwriteနဲ့ Deleteလုပ်နိုင်ပါတယ်။

ဖိုင်ကို ဘယ်နှစ်ခါ Overwriteလုပ်မလဲဆိုတာကို စဉ်းစားစရာမလိုဘဲ FileShredderက ဖျက်ရမယ့်ဖိုင်ဟာ ဘယ်နှစ်ကြိမ် Overwriteလုပ်ရမလဲ ဆိုတာသူ့ဘာသာ ဆုံးဖြတ်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *