“ သင့်ရဲ့ ဆဲလ်ဖုန်းကို ပါဝါပိတ်ထားရင်တောင်မှ ကန်အစိုးရက ပြန်ဖွင့်နိုင်တယ်။ ”
ဒါဟာ အရင်တပါတ်က NBC’s Brain Williams နဲ့အင်တာဗျူးမှာ ခုတလော အရမ်းနာမည်ကြီးနေတဲ့ စပိုင် အက်ဒ်ဝါ့ဒ် စနိုးဒင်က ထုတ်ပြောသွားတာပါ။ ဒါဟာ နတ်ဝိဇ္ဇာအတတ်နဲ့ လုပ်သလိုပါပဲ၊ ဒါဆို သင်ရဲ့ဖုန်းကို တစ်ယောက်ယောက်က မကိုင်တွယ်ပဲနဲ့ အမှန်တကယ် ပါဝါပြန်ဖွင့်ပေးမှာလား။
မဟုတ်ပါဘူး။ ကန်အစိုးရရဲ့ သူလျိုများကတော့ သင့်ရဲ့ဖုန်းကို ပါဝါကိုပိတ်သယောင်တော့ လုပ်နိုင်ပါတယ်။ ဒါဟာ ကောက်ကျစ်ပြီး အဆင့်မရှိသော ခိုးနည်း(hack) တစ်မျိုးပါ။ သင်ဟာ ခလုတ်ကို နှိပ်လိုက်မယ်၊ စက်က အသံမြည်မယ်၊ ပြီးရင် မြင်နေကျ ပါဝါပိတ်တဲ့ animation လေးတွေ တွေ့ရမယ်။ ပြီးရင် စခရင်က အမဲရောင်ကြီး ဖြစ်သွားမယ်။ ဒါပေမယ့် မိုက်ခရိုဖုန်းက အသံသွင်းခြင်းနဲ့၊ ကင်မရာက ဗီဒီယို မှတ်တမ်းတင်ခြင်းကို လျိုဝှက်စွာ ဆက်ပြီး အလုပ် လုပ်နေမယ်။
ဒါဆို ပထ မအကြိမ်မှာ သူတို့က သင့်ရဲ့ဖုန်းထဲကို ဘယ်လို ဝင်ခဲ့ကြလဲ။ Navy SEALs က CIA ရှေးက အဖွဲ့ဝင်တွေ နဲ့ ယူအက်စ် စစ်ရေးဆိုင်ရာ ဆိုင်ဘာစစ်မက် အဖွဲ့တွေရဲ့ တိုင်ပင်ရင်နှီးဖော်တွေက ရှင်းလင်း ပြောပြထားပါတယ်။ ဒါဟာ သူတို့ကိုယ်တွေ့ဖြစ်ပါတယ်။
ဂူဂဲလ်ရဲ့ အရမ်းလုံခြုံစိတ်ချရတဲ့ အီးမေးလ်တွေ စမ်းသပ်မှုနဲ့ ပတ်သတ်ပြီး
အစိုးရစပိုင်တွေက သူတိုရဲ့ ကိုယ်ပိုင် ချုံ့ထားသော ဆဲလ်နက်ဝက်ခ် တာဝါတိုင်တွေကို တပ်ဆင်နိုင်ကြပါတယ်။ သင့်ရဲ့ဖုန်းက အဲဒီတာဝါတိုင်ကို အလိုအလျောက် ချိတ်ဆက်နေတယ်။ အခုတော့ တာဝါတိုင်ရဲ့ ရေဒီယိုလှိုင်းတွေက သင့်ဖုန်းရဲ့ အင်တာနာမှတဆင့် baseband chip ပြားတွေဆီကို တိုက်ရိုက် ချုပ်ကိုင်နိုင်တယ်။ ဒါဟာ သင့်ရဲ့ဖုန်းကို ပါဝါပိတ်သယောင် အတုလုပ်ပြီး ဆက်ပြီးပါဝါဖွင့်ထားတယ်ဆိုတာကို ထောက်ပြနေတယ်။
သေသပ်တဲ့ ဒီလို ခိုးနည်း (hack) ကတော့ သင့်ရဲ့ဖုန်းကို ၁၀၀ ရာခိုင်နှုန်းလုံး ဖွင့်ထားတာ မဟုတ်ပါဘူး သို့သော်လည်း စပိုင်တွေက သူတို့ချုပ်ကိုင်ဖို့အတွက်တော့ သင့်ဖုန်းကို stand by လုပ်ထားပြီး မိုက်ခရိုဖုန်း ဒါမှမဟုတ် သင့်စက်ရဲ့ တည်နေရာကို ပြနေဖို့ ထိန်းချုပ်နေမှာပါ။
CIA မှာ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ သုတေသနပြုခဲ့တဲ့ ဂျွန်ပိုင်စ်ကတော့ အခြားအရာတွေနဲ့ ဒီနည်းလမ်းတွေက ဒီလို ရုပ်ပိုင်းဆိုင်ရာ bug တွေပါတဲ့ ပစ္စည်းမျိုးတွေကို သုံးစေခြင်းဖြင့် ယူအက်စ်က အကြမ်းဖက် သမားတွေရဲ့ ဖုန်းဒယ်တာကို မျက်ခြေမပြတ် စောင့်ကြည့်နိုင်ပြီး အနုကြမ်းစီးသလိုမျိုး ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။
ဆိုင်ဘာလုံခြုံရေးက သင့်ကို ဘယ်လောက် လုံခြုံစေလဲ ဆိုတာနဲ့ ပတ်သတ်ပြီး
“သင့်ရဲ့ဖုန်းဟာ ပါဝါပိတ်ထားတဲ့ အချိန်မှာ သင့်စိတ်ထဲ နွေးနေတယ်လို့ ခံစားရတယ်ဆိုရင် တပ်အပ် ပြောနိုင်တာ တစ်ခုကတော့ ဒါဟာ သင့်ဖုန်းရဲ့ baseband processor ဟာ ဆက်ပြီး (run) ပွင့်နေတုန်းဖြစ်ပါတယ်” လို့ ပိုင်စ်က ပြောခဲ့ပါတယ်။ သူဟာ အခုတော့ NSS Labs လုံခြုံရေး သုတေသန အဖွဲ့ရဲ့ အဓိက နည်းပညာဆိုင်ရာ အရာရှိနေရာမှာ တာဝန်ထမ်းဆောင်နေပါတယ်။
ဒါဟာ ပြီးပြည့်စုံစွာ ဖြေရှင်းဖို့ ဒီလောက် မလွယ်ကူပါဘူး။ အရမ်းကို မြင့်မားပြီး ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်မှု တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ကန်အစိုးရက သင့်ဖုန်းကို ပါဝါပြန်ပွင့်အောင် စွမ်းနိုင်တယ်လို့ စိတ်ထဲ စိုးရိမ်စိတ် ရှိနေခဲ့ရင် ဒီနည်းလမ်းလေးတွေကို စမ်းကြည့်နိုင်ပါတယ်။
Recovery mode: သင့်ရဲ့ဖုန်းကို Firmware တင်တဲ့ mode (DFU) ထားပါ။ ဒါသာ ဖုန်းရဲ့ အိုအစ်စ် (Operating System) ကို ဖြတ်စေပါတယ်။ ဒါကြောင့် ဖုန်းကို reset လုပ်သလိုဖြစ်စေမှာပါ။ ဖုန်းတိုင်းမှာ ဒီ mode ကိုဝင်ဖို့ သူ့နည်းလမ်းနဲ့သူ ရှိပါတယ်။ iPhone အသုံးပြု သူတွေအနေနဲ့တော့ လွယ်ကူတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကွန်ပြုတာမှာ ချိတ်ပြီး iTunes ကိုဖွင့်လိုက်ပါ။ Power နဲ့ Home button ကို ၁၀ စက္ကန့်လောက် တွဲပြီးနှိပ်ထားလိုက်ပြီး Power button ကို လွှတ်လိုက်ပါ။ iTunes ကနေ pop-up မက်ဆေ့လေး တက်လာတာ စောင့်လိုက်ပါ။ ဒါပါပဲ။
Android အသုံးပြုသူတွေ အနေနဲ့ကတော့ recovery mode က မော်ဒယ် အလိုက်ကို အမျိုးမျိုးပြောင်းပါတယ်။ Android မဂ္ဂဇင်းမှာတော့ ထိရောက်တဲ့ နည်းလမ်းတွေ တွေ့နိုင်ပါတယ်။
Create a barrier: singal-blocking ဖုန်းကေ့စ်ကို အသုံးပြုပါ။ OffPocket, HideCell တို့မှာ ဝယ်နိုင်သလို ကိုယ်ကိုတိုင်လည်း လုပ်နိုင်ပါတယ်။ ကိုယ်ကိုတိုင်လုပ်ရင်တော့ စိတ်ရှည်ရှည်ထားရမှာပေါ့။
Pull out the battery: ဘက်ထရီလိုမျိုး ပါဝါအရင်းအမြစ် မရှိပဲနဲ့တော့ ဖုန်းဆိုတာ ပါဝါပြန်မပွင့်နိုင်ပါဘူး။ ဒါဟာ အကောင်းဆုံးနည်းလမ်းပါ။ အများစုက ဒီနည်းလမ်းကို သဘောကျကြတယ်။ ဒါပေမယ့် ဒါဟာ ထိပ်တန်း စမတ်ဖုန်းတွေမှာ စိတ်ညစ်စရာ ကောင်းပါတယ်၊ ဘာလို့လည်းဆိုတော့ iPhone၊ HTC One နဲ့ Nokia Lumia တို့မှာ ဖြုတ်လွယ်တပ်လွယ်တဲ့ ဘက်ထရီတွေ မပါလို့ပါ။ ကံကောင်းစွာနဲ့ Samsung Galaxy နဲ့ LG G3 တို့မှာတော့ ပါပါသေးတယ်။
Silent Circle ဆိုတဲ့ ကုမ္ပဏီကတော့ သူတို့ဟာ လုံခြုံတဲ့ ချိတ်ဆက်မှုကို ပေးစွမ်းနိုင်ပါတယ်တဲ့၊ Blackphone တွေနဲ့ ဖန်းတီးထားပြီး ဒီပြဿနာတွေကိုလည်း ပြေလည်စေမှာပါတဲ့။ အဲဒီဖုန်းမှာ ဖြုတ်လွယ်တပ်လွယ်တဲ့ ဘက်ထရီပါပါတယ်၊ ပြီးတော့ ခြေရာခံမှု နည်းစေအောင် Android ဗားရှင်းကို နည်းနည်းလေး နိမ့်ထားတဲ့ သီးခြား အိုအက်စ် (Operating Sys) ကို အသုံးပြုထားပါတယ်တဲ့။
ဘာလို့လည်းဆိုတော့ စပိုင်တွေဆင်ထားတဲ့ ဒီဆဲလ်တာဝါတိုင်တွေက သူရဲ့အင်တာနာကိုပဲ ရည်ရွယ်နိုင်တာပါ။ Blackphone က သူတို့ရဲ့ သုံးစွဲသူတွေကို ပိုပြီးစိတ်ချရတဲ့ baseband chip တွေဖြစ်အောင် (NVDA, Tech30) တို့လို့ Nvidia chip တွေနဲ့ အလုပ်လုပ်စေတာပါ။
NSA က Obama’s BlackBerry ကိုပြုလုပ်တာနဲ့ ပတ်သတ်ပြီး
အရင် Navy SEAL အဖွဲဝင် Silent Circleရဲ့ CEO မိုက်ဂျန်ကီကတော့ သူတို့ဟာ သူတို့ဖုန်းတွေကို NSA က ဖုန်းတွေကို ပါဝါပိတ်ထားတဲ့ဖုန်းတွေကို ရှာဖွေနိုင်ခြင်းနဲ့ FBI က မိုက်ခရိုဖုန်းနဲ့ မှတ်တမ်းတင်နိုင်မှုတွေရဲ့ ထုတ်ဖော်မှုပေါ်မှာ ကာကွယ်နိုင်အောင် အခြေခံထားပြီး ဒီဇိုင်းဆွဲထားတာပါလို့ ပြောခဲ့ပါတယ်။
ဂျန်ကီက ဆက်ပြီးတော့ သင့်အနေနဲ့ သင့်ဖုန်းမှာ ဒေသဆိုင်ရာ လုံခြုံရေး အေဂျင်စီ (NSA) က ဒီနည်းလမ်းတွေ သုံးနေတယ်ဆိုရင် ကြောက်ရွံ့ဖို့ မလိုအပ်ပါဘူး။ ဒီသူလျိုတွေက သေချာစွာ စာရင်းလုပ်ထားတဲ့ အကြမ်းဖက် သမားတွေနဲ့ နိုင်ငံခြား လူဆိုးတွေကိုသာ နောက်ယောက်ခံဖို့ အာစုံစိုက်နေကြတာပါ လို့ပြောပါတယ်။ ဒါပေမယ့်လို့ FBI ကတော့ ယူအက်စ်က ရာဇဝတ်မှု မျိုးစုံအတွက်ကို ဒီလိုမျိုး စောင့်ကြည့်စစ်ဆေးတဲ့ နည်းဗျူဟာတွေကိုတော့ တွင်တွင်ကျယ်ကျယ်ကြီး အသုံးပြုနေကြပါသေးတယ်။