Apps, How-to, Review

Acrobatကို Primo PDF နဲ့ အစားထိုးသုံးကြည့်ရအောင်

Acrobat ကို Primo PDF နဲ့ အစားထိုးသုံးကြည့်ရအောင်

လူတိုင်းအတွက် မသုံးမဖြစ် PDFကို သုံးတော့မယ်ဆိုရင် PrimoPDFကို Microsoft Window documentကနေ PDF ဖိုင်အဖြစ် ပြောင်းလဲတည်ဆောက်ဖန်တီးပြီး အသုံးပြုနိုင်ပါသည်။ သူဟာ ပရင်တာအတုတစ်လုံးလို အလုပ်လုပ်ဆောင်ပေးမှာ ဖြစ်ပါသည်။ ဒါ့အပြင် PrimoPDFသည် သူ့ကိုယ်သူ ကမ္ဘာ့နံပတ် (၁) PDF Creator လို့လည်း ပြောထားပါသည်။

PrimoPDFသည် ဘယ်လို Document အမျိုးအစားကိုမဆို PDF File Format သို့လည်း ပြောင်းပေးနိုင်ပါသည်။ Word ဒါမှမဟုတ် Website စာမျက်နှာဖိုင်ကို အရင်ဖွင့်ပြီး PDF ဖိုင်သို့ ပြောင်းချင်လျှင် Printကို နှိပ်လိုက်ပါ။ Printer စာရင်းမှာ Primo PDFကို ရွေးချယ်ပါ။ သို့ဖြင့် ဆက်လက်ပြီး ညွှန်ပြထားသည့်အတိုင်း အဆင့်များ ပြုလုပ်ခြင်းဖြင့် PDFဖိုင်ကို ရရှိလာပါလိမ့်မည်။

Primo PDFကို သုံးဖို့အတွက် လိုအပ်သည်ကတော့ Microsoft.Net Framework 2.0 ပဲ ဖြစ်ပါသည်။ Primo PDF ရဲ့ လုပ်ဆောင်နိုင်ချက်များမှာ PDF ဖိုင်သို့ ပြောင်းပေးခြင်းသာမက ebook အဖြစ်လည်း ဖန်တီးနိုင်ပါသေးသည်။ အဲဒီလို ပြောင်းလိုက်တဲ့ဖိုင်မှာ passwordထည့်ခြင်း စတဲ့ လုံခြုံမှုကိစ္စရပ်များကိုလည်း လုပ်ဆောင်ချက်လေးတွေ ထပ်ဖြည့်လို့ရပါသည်။ PDF ဖိုင်များကို PDF တစ်ဖိုင်တည်းအဖြစ် ပေါင်းပေးပါသည်။ Document မှာလည်း စာရေးသူ၊ ခေါင်းစီး၊ ဘာသာရပ်စတဲ့ အချက်အလက်တွေ ထပ်ထည့်ပေးနိုင်ပါသည်။ International Primo PDFကို http://www.primopdf.com/index.aspx ဒါမှမဟုတ် http://download.cnet.com/PrimoPDF/3000-18497_4-10264571.html ဆိုက်ကနေ downloadချ ယူသုံးနိုင်ပါသည်။ ဖိုင်အရွယ်အစားကတော့ 7.2 MB ဖြစ်ပါသည်။ အသုံးဝင်မည်လို့ ယူဆသဖြင့် တင်ပြရေးသားလိုက်ရခြင်း ဖြစ်ပါတော့သည်။

Acrobat ကို Primo PDF နဲ့ အစားထိုးသုံးကြည့်ရအောင်

Acrobat ကို Primo PDF နဲ့ အစားထိုးသုံးကြည့်ရအောင်

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *