How-to

USB Stick ကနေ ၀င်းဒိုးတင်ပေးမယ့် WinSetupFromUSB

USB Stick ကနေ ၀င်းဒိုးတင်ပေးနိုင်တဲ့ ဆော့ဝဲများစွာ ရှိပါတယ်။ အဲဒီထဲက တစ်ခုက WinSetupFromUSB ဖြစ်ပါတယ်။ WinSetupFromUSB က USB Stick, USB Drive တွေကနေ ၀င်းဒိုးအင်စတော လုပ်ပေးနိုင်ပါတယ်။ သင့်မှာ Windows ISO Image ဖိုင်ရှိပြီး အခွေမရှိတဲ့ အခြေအနေမျိုးမှာ USB Stick or USB Drive ရှိတာနဲ့ ၀င်းဒိုးတင်နိုင်ပါတယ်။ WinSetupFromUSB က Windows 7/8/8.1 ကို USB Stick ကနေ အင်စတော လုပ်နိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

WinSetupFromUSB ရဲ့ ထူးခြားချက်က OS အများအပြား ကို အင်စတောလုပ်နိုင်တဲ့ USB Stick ပြုလုပ်ပေးနိုင်တာဖြစ်ပါတယ်။ OS အများအပြား ကို USB Stick ထဲထည့်ထားပြီး ကွန်ပြူတာတိုင်းမှာ အင်စတော လုပ်နိုင်မှာဖြစ်ပါတယ်။

Windows OS များအပြင် Linux, WinPE Imaegs, BartPE , UBCD (Ultimate Boot CD) နဲ့ အခြားအသုံး၀င်တဲ့ Tools များစွာ ကို USB Stick ထဲထည့်ပေးနိုင်ပါတယ်။

WinSetupFromUSB ကို အသုံးပြုရတာလွယ်ကူပါတယ်။ WinSetupFromUSB ကို Run ပြီးရင် USB Stick or USB Drive ကို ရွေးချယ်ပေးရပါမယ်။ “Add to USB Disk” ကဏ္ဍမှာ ထည့်သွင်းချင်တဲ့ OS ကို ရွေးချယ်ပေးပြီး ISO Image ဖိုင် ကို ထပ်မံရွေးချယ်ပေးရပါမယ်။ ပြီးရင် GO ကို နှိပ်ရပါမယ်။ OS အများအပြား ကို ဒီနည်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။

1

ပြီးရင် အင်စတော လုပ်ချင်တဲ့ ကွန်ပြူတာ မှာ USB Stick ကို တပ်ဆင်ပါ။ ကွန်ပြူတာ ကို USB Stick ကနေ Boot တက်ပါ။ ပြီးရင် ၀င်းဒိုး ကို သာမာန် အတိုင်း အင်စတော လုပ်သွားရင်ရပါပြီ။

Download WinSetupFromUSB

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *