Sony က Xperia E1 နဲ့ Xperia E1 dual ကို အိန္ဒိယနိုင်ငံမှာရောင်းချပေးလိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါဖုန်းတွေကို ဇန်နဝါရီလမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ သီချင်းတွေကိုလည်း ထိန်းချုပ်ဖို့အတွက် ဖုန်းကို လှုပ်ခါပြီးတော့ အသုံးပြုနိုင်တဲ့ Walkman Key လည်းပါရှိပါတယ်။
Xperia E1 dual က SIM Card နှစ်ခုကို တပြိုင်တည်း အသုံးပြုလို့ရတဲ့ နည်းပညာ ပါရှိပြီးတော့ Ring Tone ကိုလည်း နှစ်သက်ရာ ပြုလုပ်နိုင်ပါတယ်။
Sony Xperia E1 နဲ့ Xperia E1 dual တို့ရဲ့ Specification တွေကတော့ ၄ လက်မအရွယ်(800×480 Pixels) TFT Capacitive Touch Screen Display တပ်ဆင်ထားပြီး Xperia E1 dual တွင် SIM Card နှစ်ခု ထည့်သွင်းအသုံးပြုလို့ရပါတယ်။ Android 4.3 (Jelly Bean) ကို မောင်းနှင်လည်ပတ်မှာ ဖြစ်ပြီး 1.2 GHz Dual-Core Snapdragon 200 (MSM8210) Processor , Adreno 302 GPU တပ်ဆင်ထားပါတယ်။ 12 mm အထူရှိပြီးအလေးချိန်ကတော့ 120 g ရှိပါတယ်။ 3MP Rear Camera တပ်ဆင်ထားပြီး 3.5 mm Audio Jack နဲ့ FM Radio RDS တို့ ပါရှိပါတယ်။ 3G ဆက်သွယ်အသုံးပြုနိုင်ပြီး Bluetooth, WiFi 802.11 b/g/n, GPS / aGPS တို့ကိုလည်း အသုံးပြုနိုင်ပါတယ်။ 512MB RAM, 4 GB Internal Memory နဲ့ 32 GB ထိ၀င်ဆန့်တဲ့ MicroSD ကိုလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ 1700 mAh Battery ကို တပ်ဆင်ထားပါတယ်။
Sony Xperia E1 dual ကို ၂၀၁၄ ခုနှစ်၊ မတ်လ(၁၀) ရက်နေ့တွင် စတင်ရောင်းချမှာဖြစ်ပြီး Sony Xperia E1 ကိုတော့ ၂၀၁၄ ခုနှစ်၊ မတ်လ(၂၅) ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ အဆိုပါ ဖုန်း နှစ်မျိုးစလုံးကို အနက်ရောင် ၊ အဖြူရောင် နဲ့ မရမ်းရောင်တို့ ထုတ်လုပ်ထားပြီး အိန္ဒိယ နိုင်ငံရှိ Sony အရောင်းဆိုင်များနဲ့ အီလက်ထရောနစ် စတိုးဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါတယ်။