Mobile, Review

Samsung Galaxy Note 3 ကို ယှဉ်ပြိုင်မယ့် LG G Pro 2 ကို ဝေဖန် သုံးသပ်ခြင်း

Samsung Galaxy Note 3 မှာလိုပဲ G Pro 2 မှာ ကြည်လင်ပြတ်သားပြီး ကြီးမားတဲ့ HD Display တပ်ဆင်ထားပါတယ်။ အလွန်ကောင်းမွန်တဲ့ 13MP Camera တပ်ဆင်ထားပါတယ်။ ထူးခြားဆန်းသစ်တဲ့ ဆော့ဝဲ တွေကိုလည်းထည့်သွင်းထားပါတယ်။ G Pro 2 က ကြီးမားတဲ့အတွက် တက်ဘလက် လိုရော ဖုန်းလိုပါ အသုံးပြုနိုင်ပါတယ်။ ဒီဇိုင်းကလည်း လှပပါတယ်။ ဒါပေမယ့် Note 3 ရဲ့ S Pen လို ကညစ်တံ မပါရှိပါဘူး။

G Pro 2 က သူ့အရင်မျိုးဆက်ဖြစ်တဲ့ LG Optimus G Pro နဲ့ နှိုင်းယှဉ်ရင် များစွာ ကောင်းမွန်လာပါတယ်။ Optimus G Pro မှာ Quad-Core 1.7GHz Snapdragon 600 ကို အသုံးပြုထားပြီး G Pro 2 မှာ ပိုမိုကောင်းမွန်တဲ့ Quad-Core 2.3GHz Snapdragon 800 CPU ကို အသုံးပြုထားပါတယ်။ G Pro 2 ရဲ့ မျက်နှာပြင် က ပိုမိုကြီးမားပြီး ၅.၉ လက်မအရွယ်ရှိပါတယ်။ Optimus G Pro ရဲ့ မျက်နှာပြင် က ၅.၅ လက်မသာ ရှိပါတယ်။ G Pro 2 ရဲ့ ဆော့ဝဲ ပိုင်းမှာ ထူးခြားတဲ့ Knock Code စွမ်းဆောင်ချက် ထည့်သွင်းပေးထားပါတယ်။

ဒီဇိုင်း

၆.၂ လက်မအရှည် ၊ ၃.၂ လက်မ အကျယ်၊ ၀.၃ လက်မ အထူ ရှိပါတယ်။ အဖြူ၊ ငွေ၊ အနက်ရောင် သုံးမျိုးထုတ်လုပ်ပေးထားပါတယ်။ အရင်မျိုးဆက် G Pro လိုပဲ အရွယ်ကြီးမားပါတယ်။ လက်သေးငယ်တဲ့သူတွေအတွက် ဖုန်း ကို လက်နှစ်ဖက် နဲ့ ကိုင်တွယ်မှ အသုံးပြုလို့အဆင်ပြေမှာ ဖြစ်ပါတယ်။ G Flex နဲ့ နှိုင်းယှဉ်ရင်တောင် G Pro 2 က ပိုမိုကြီးမားတာကိုတွေ့ရပါတယ်။

G2 မှာလိုပဲ G Pro 2 မှာ ပါဝါနဲ့ အသံ ခလုတ် တွေကို ဖုန်းရဲ့ အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ မျက်နှာပြင် ရဲ့ ဘေးပတ်လည် ကဘောင် တွေက သေးငယ်ပါတယ်။ ၅.၉ လက်မ Full HD IPS Display တပ်ဆင်ထားပြီး 1920×1080 Pixel Resolution ပါရှိပါတယ်။ Optimus G Pro ထက် အရွယ်ကြီးမားပေမယ့် Pixel သိပ်သည်းဆ မှာ G Pro 2 က အနည်းငယ် လျော့နည်းပါတယ်။ G Pro 2 ရဲ့ Pixel သိပ်သည်းဆ က (၃၇၃) ဖြစ်ပြီး Optimus G Pro က (၄၀၀) ဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ထွက်ကြည်လင်ပြတ်သားမှု က သိပ်မသိသာလှပါဘူး။ G Pro 2 မှာ HD Video နဲ့ ဓာတ်ပုံတွေ ကြည့်ရတာ အလွန်ကြည်လင်ပြတ်သားပါတယ်။

Hardware

LG နဲ့ Google ပူးပေါင်းထုတ်လုပ်ထားတဲ့ Nexus 5 မှာအသုံးပြုထားတဲ့ 2.26GHz Quad-Core Snapdragon 800 Processor နဲ့ Adreno 330 GPU တို့ကို အသုံးပြုထားပါတယ်။ Optimus G Pro မှာ အသုံးပြုထားတဲ့ 3140mAh ထက်ကြီးမားတဲ့ 3200mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera နဲ့ မျက်နှာချင်းဆိုင်မှာ 2 Megapixel Camera တပ်ဆင်ထားပါတယ်။

Software

G2 , G Flex တို့မှာထည့်သွင်းပေးထားတဲ့ ဖုန်းမျက်နှာပြင် ကို နှစ်ချက် နှိပ်လိုက်ရင် ဖုန်းကို Wake လုပ်ပေးတဲ့ KnockOn စွမ်းဆောင်ချက် အပြင် G Pro 2 မှာ စွမ်းဆောင်ချက် အသစ်ဖြစ်တဲ့ Knock Code ကိုထည့်သွင်းပေးထားပါတယ်။ Knock Code က ဖုန်းကို Wake လုပ်ပေးနိုင်ရုံသာမက Unlock လုပ်ပေးနိုင်ပါတယ်။ ဖုန်း ရဲ့ မျက်နှာပြင် ကို အပိုင်းလေးပိုင်းပိုင်းခြားထားပြီး အပိုင်းတစ်ခုချင်းစီကို နှစ်သက်ရာ အစီအစဉ် နဲ့ ထိတွေ့ပြီး Unlock Code သဘောမျိုးပြုလုပ်ပေးထားရပါမယ်။ Unlock လုပ်ချင်တဲ့အခါမှာ ပြုလုပ်ထားတဲ့ အစီအစဉ် အတိုင်း ဖုန်းမျက်နှာပြင် ကို ထိတွေ့ပေးရမှာဖြစ်ပါတယ်။

4

နောက်ထပ် ဆော့ဝဲ တစ်ခုက Content Lock ဖြစ်ပါတယ်။ ဖိုင်၊ ဓာတ်ပုံ၊ ဗီဒီယို တွေကို Password နဲ့ ကာကွယ်ထားလို့ရပါတယ်။ Mini View က App Screen ကို ၄.၇ လက်မ ကနေ ၃.၄ လက်မ အရွယ်အတွင်း ပြသပေးနိုင်ပါတယ်။ Dual Browser က မျက်နှာပြင် တစ်ခုထဲမှာ ဘရောက်စာ နှစ်ခု အသုံးပြုနိုင်ပါတယ်။

G Pro 2 မှာ Android 4.4 KitKat Version 2 ကို အသုံးပြုထားပြီး Chrome, Gmail, Play Store, Maps, YouTube စတာတွေ ပါရှိပါတယ်။ ဖုန်းမျက်နှာပြင် ရဲ့ အောက်ခြေကနေ အပေါ်ကို ပွတ်ဆွဲပြီး Google ရဲ့ ကိုယ်ရေးလက်ထောက် Google Now ကို အသုံးပြုနိုင်ပါတယ်။

ကင်မရာ နဲ့ ဗီဒီယို

G Pro 2 ရဲ့ 2.1 Megapixel အရှေ့ကင်မရာ ဟာ ကိုယ်တိုင်ရိုက်ဓာတ်ပုံ တွေ ရိုက်ကူးနိုင်ပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera တပ်ဆင်ထားပါတယ်။ Optical Image Stabilization နည်းပညာပါရှိပါတယ်။ HDR, Panorama,Burst စတဲ့ စွမ်းဆောင်ချက် တွေ ပါရှိပါတယ်။ တစ်စက္ကန့်တွင် ဖရိမ် ၁၂၀ နှိုင်းနဲ့ အနှေးဗီဒီယို တွေ ရိုက်ကူးနိုင်ပါတယ်။ Auto Focus စွမ်းဆောင်ချက်က အလွန်လျှင်မြန်တာတွေ့ရပါတယ်။

စွမ်းဆောင်ရည်

စွမ်းဆောင်ရည်မြင့် Snapdragon 800 Processor နဲ့ 3GB RAM ပါတဲ့အတွက် G Pro 2 က အလွန်လျှင်မြန်တာ တွေ့ရပါတယ်။ Apps တွေနဲ့ Home Screen ကြားမှာ ကူးပြောင်းအသုံးပြုရတာလည်း အလွန်လျှင်မြန်ပါတယ်။ မြန်နှုန်းမြင့် အင်တာနက် လိုင်း နဲ့ ချိတ်ဆက်ပြီး App တွေဖွင့်ကြည့်ရတာအလွန်လျှင်မြန်ပါတယ်။

ဘက်ထရီ

LG G Pro 2 က Galaxy Note 3 ထက်ပါးလွှာပေမယ့် ကြီးမားတဲ့ 3200mAh Battery တပ်ဆင်ထားပါတယ်။ နေ့စဉ် အသုံးပြုမှုတွေမှာ ဘက်ထရီ သက်တမ်း အလွန်အသုံးခံပါတယ်။ ဗီဒီယို တွေကြည့်ပြီး စမ်းသပ်တဲ့အခါမှာ ၁၄ နာရီ အသုံးခံတာတွေ့ရပါတယ်။ Note 3 မှာ ဗီဒီယို စမ်းသပ်ကြည့်ရှုကြည့်တဲ့အခါ ၁၅ နာရီ အသုံးခံတာတွေ့ရပါတယ်။ Motorola Droid Maxx က ၁၆ နာရီတောင် အသုံးခံပါတယ်။

အနှစ်ချုပ်

ကြီးမားတဲ့ ၅.၉ လက်မအရွယ် LCD Display , Android 4.4 KitKat တို့အပြင် စွမ်းဆောင်ရည်မြင့် Processor ကြောင့် LG G Pro 2 ဟာ အလွန်ကောင်းမွန်တဲ့ Phablet ဖုန်း ဖြစ်ပါတယ်။ LG G Pro 2 ဟာ Galaxy Note 3 နဲ့ ဘက်ပေါင်းစုံ ကယှဉ်ပြိုင်နိုင်တဲ့ ဖုန်းဖြစ်ပါတယ်။ Note 3 ရဲ့ S Pen လို ကညစ်တံ မပါတာက အားနည်းချက်တစ်ခုဖြစ်ပါတယ်။ LG G Pro 2 နဲ့ Samsung Galaxy Note 3 တို့ ကို နှိုင်းယှဉ်ရွေးချယ်ဖို့အတွက် က ဈေးနှုန်း က အဓိက စကားပြောမှာ ဖြစ်ပါတယ်။ G Pro 2 ဟာ မြန်မာနိုင်ငံကို ၀င်ရောက်လာခြင်းမရှိသေးသလို ကမ္ဘာမှာ ရောင်းချမယ့် ဈေးနှုန်း ကိုလည်း LG က ပြောကြားခြင်းမရှိသေးပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *