News

ပထမဆုံး Ubuntu စမတ်ဖုန်းများ ဒီနှစ်မှာ ရောင်းချမည်

Ubuntu စမတ်ဖုန်းတွေဟာ နောက်ဆုံးမှာတော့ စျေးကွက်ထဲကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဗြိတိန် အခြေစိုက် Software ရေးတဲ့ ကုမ္ပဏီဖြစ်တဲ့ Canonical က Meizu နဲ့ bq ဟာ Ubuntu စမတ်ဖုန်းတွေကို ဒီနှစ်မကုန်ခင်မှာ ရောင်းချမယ်လို့ ကြေညာပါတယ်။ အဲဒီဖုန်းတွေကို တစ်ကမ္ဘာလုံးသို့ ရောင်းချမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာ Ubuntu စမတ်ဖုန်းတွေဟာ iOS, Android ဖုန်းတွေကို ယှဉ်ပြိုင်မယ်လို့ ထင်မြင် နေကြပါတယ်။

Ubuntu ရဲ့ ဒီဇိုင်းကို မသိရသေးပေမယ့် နောက်တစ်ပတ်မှာ ကျင်းပပြုလုပ်မယ့် Mobile World Congress မှာ ထုတ်ဖော်ပြသမယ်လို့ မျှော်လင့်ရပါတယ်။ Engadget Website သတင်းအရ Canonical က ၂၀၁၅ ခုနှစ်မှာ Ubuntu ဖုန်းတွေကို ထုတ်လုပ်သူ နှစ်ဦးကနေ စတင် ရောင်းချမယ်လို့ ကတိပေးထားတယ်လို့ သိရပါတယ်။ Canonical က Ubuntu စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချဖို့ အရင်ကတည်းက ကြိုးစား နေတာ ဖြစ်ပါတယ်။ Ubuntu Mobile Version ကို လွန်ခဲ့တဲ့ (၂) နှစ်အကြာက ကြေညာခဲ့ပြီး စမတ်ဖုန်း အနေနဲ့ ထုတ်လုပ်ရောင်းချဖို့ အတွက်ကတော့ အခုမှ အကောင်အထည် ဖော်နိုင်တာ ဖြစ်ပါတယ်။ Ubuntu Mobile OS ကို လွန်ခဲ့တဲ့ (၁)နှစ်အကြာက Developer များအတွက် ပြုလုပ်ပေးခဲ့ပါတယ်။ Canonical က Ubuntu စမတ်ဖုန်းကို ပြီးခဲ့တဲ့ နွေရာသီက ထုတ်လုပ်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခုတော့ Canonical က နာမည်ကြီးမဟုတ်တဲ့ ဖုန်းထုတ်လုပ်သူတွေနဲ့ တွဲဖက်ပြီးတော့ ထုတ်လုပ် ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Ubuntu OS ဟာ နာမည်ကြီးတဲ့အတွက် အောင်မြင်မယ်လို့ မျှော်လင့်ရပါတယ်။ Engadget ရဲ့ သတင်းအရ Canonical က ဒီနှစ်အကုန်မှာ Ubuntu စမတ်ဖုန်းမှာ အသုံးပြုလို့ရမယ့် Mobile Application (၅၀) ကိုလည်း ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *