News

Digicel နှင့် Ooredoo တို့ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ရန် သဘောတူညီမှု လက်မှတ်ရေးထိုး

Digicel Group နှင့် (Yoma Strategic Holdings Ltd နှင့် First Myanmar Investment Co., Ltd (FMI)) တို့ ပါဝင်သည့် YSH Finance Ltd တို့မှ အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော Digicel Asian Holdings သည် Ooredoo Myanmar နှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်း ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေး ကွန်ရက်တစ်ခု တည်ဆောက်မည့် Ooredoo ၏ ကြိုးပမ်းမှုဖြစ်သည့် ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ရာတွင် အကောင်အထည်ဖော် တည်ဆောက် ငှားရမ်းသွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါသည်။

မြန်မာနိုင်ငံရှိ Digicel Asian Holdings ၏ ကုမ္ပဏီ ဖြစ်သည့် Myanmar Tower Company သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၌ တာဝါတိုင်များ တည်ဆောက်ရေးလုပ်ငန်းများ ပထမဆုံး စတင်ဆောင်ရွက်သည့် ဆက်သွယ်ရေးတာဝါတိုင် ကုမ္ပဏီများအနက် တစ်ခုအပါအဝင် ဖြစ်လာပါမည်။ ၎င်း၏ ဘက်စုံငှားရမ်းသည့် (multi-tenancy) တာဝါတိုင်များမှတစ်ဆင့် ဆက်သွယ်ရေးကုမ္ပဏီအားလုံး၏ မြန်မာနိုင်ငံတစ်ဝန်း ဆက်သွယ်ရေး လွှမ်းခြုံချိတ်ဆက်မှု လျှင်မြန်စွာ တည်ဆောက်နိုင်ရေး ရည်မှန်းချက်ကို အကောင်အထည် ပေါ်လာစေမည် ဖြစ်သည်။

အဆိုပါ ကြေညာချက်နှင့် ပတ်သက်ပြီး Digicel Group ၏ Chairman ဖြစ်သူ Mr. Denis O’Brien က “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းမှာ အရည်အသွေးမြင့် ဆက်သွယ်ရေး ကွန်ရက်တစ်ခု တည်ဆောက်ပြီး မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ပြည်နယ်၊ တိုင်းဒေသကြီးတွေ၊ ပြည်ထောင်စု နယ်မြေတွေအားလုံးက မြန်မာနိုင်ငံသားတွေကို အကျိုးဖြစ်ထွန်းစေဖို့အတွက် ကျွန်တော်တို့က Ooredoo နဲ့ ပူးပေါင်းဆောင်ရွက်ရတာကို ဝမ်းမြောက်မိပါတယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။

Yoma နှင့် FMI ၏ ဥက္ကဋ္ဌ Mr. Serge Pun ကလည်း “ဒီနေ့ ကြေညာချက်ဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒေသခံ ကုမ္ပဏီတစ်ခုအဖြစ် အခုလို ဆောင်ရွက်ခွင့် ရတာကို ၀မ်းသာမိသလို နိုင်ငံတော်အစိုးရ၊ တာ၀န်ရှိသူတွေ၊ ဆက်သွယ်ရေး အော်ပရေတာတွေ၊ တခြားဒေသခံ ကုမ္ပဏီတွေနဲ့ နီးကပ်စွာ ဆောင်ရွက်သွားနိုင်ဖို့အတွက် မျှော်လင့်မိပါတယ်” ဟု ပြောကြားသွားပါသည်။

One thought on “Digicel နှင့် Ooredoo တို့ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ရန် သဘောတူညီမှု လက်မှတ်ရေးထိုး

  1. Ko Ko Thu says:

    ၾကိဳဆိုပါတယ္

Leave a Reply

Your email address will not be published. Required fields are marked *