အမေရိကန် ဒေါ်လာ ၃၅သန်းခန့် ရရှိနိုင်မည့် စင်းလုံးချော စိန်ဖြူတစ်လုံးကို လာမည့်လတွင် ဟောင်ကောင်၌ လေလံတင်ရောင်းချသွားမည်ဟု သိရသည်။ အလေးချိန် ၁၁၈ဒသမ ၂၈ကရက်ရှိ ဘဲဥပုံသဏ္ဌာန်ရှိ စိန်ကြီးသည် စိန်ဖြူ အမျိုးအစားထဲတွင် အကြီးမားဆုံးဖြစ်ပြီး မြင်သူတိုင်းကို ရင်သပ်ရှုမော ဖြစ်စေခဲ့သည့်အတွက် လေလံပွဲတွင် စံချိန်တင် ဈေးရဖွယ်ရှိသည်ဟု ဆိုသည်။ တန်ဖိုးအရ အမေရိကန် ဒေါ်လာ ၂၈သန်းမှ ၃၅သန်းအထိ ရရှိနိုင်မည်ဟု ခန့်မှန်းထားသော်လည်း အောက်တိုဘာ ၇ရက် လေလံတင်ပွဲ ကျင်းပချိန်တွင် ခန့်မှန်းထားသည်ထက် ဈေးပို ရနိုင်ဖွယ်ရှိကြောင်း ဆိုသီဘီလေလံ ကုမ္ပဏီမှ ပြောကြားခဲ့သည်။ လေလံတင် ရောင်းချမည့် စိန်ဖြူသည် အနာအဆာ ကင်းစင်လှသည့် စင်းလုံးချော စိန်တစ်လုံးဖြစ်ပြီး ကမ္ဘာပေါ်ရှိ မည်သည့် စိန်ဖြူကမျှ မယှဉ်သာသည့် အမျိုးအစားဖြစ်ကြောင်း ဆိုသီဘီ၏ အာရှဆိုင်ရာ လက်ထောက်အကြီးအကဲ တယ်ရီချူးက ပြောကြားသည်။
ယင်းစိန်ဖြူအား အမေရိကန် ကျောက်မျက်အဖွဲ့အစည်းက အရည်အသွေး အမြင့်ဆုံးအဆင့်ဆု ချီးမြှင့်ထားပြီး ရှားပါးသော အရောင်ကင်းမဲ့သည့် စိန်ဖြူအမျိုးအစားလည်း ဖြစ်သည်ဟု ဆိုသည်။ စိန်ဖြူ လေလံတင်ရောင်းချပွဲက နိုင်ငံတကာရှိ စိန်စုဆောင်းသူများကို ဆွဲဆောင်မှု ပြုလိမ့်မည်ဟု မျှော်လင့်ထားသည်။
ယခုအခါ လေလံတင်မည့် စိန်ဖြူကို လန်ဒန်၊ နယူးယောက်နှင့် ဂျီနီဗာတို့တွင် မိတ်ဆက်ပြသထားခဲ့ပြီး လေလံတင်ရောင်းချခြင်းမပြု မီဒိုဟာတွင် ပြပွဲအဖြစ် ခင်းကျင်းပြသသွားရန် စီစဉ်ထားကြောင်း သိရပါသည်။
ဘယ်သူဝယ်ပြီးလက်ဆောင်ပေးမလဲ?
ပိုက်ဆံများရှိလို့ကတော့…..၀ယ်ဝူး.. စားလို့လဲရဘဲနဲ့….. ကောက်ပေါက်ရင်… ထိတ်ပေါက်နိုင်တဲ့ဟာကြီး…. ကျောက်တုံးကြီးကို…. ဈေးကြီးပေး…. ၀ယ်ဘူးးးးးးး……. ;P
$ ဘယ်လောက်လဲ