သြစတြေးလျအခြေစိုက် Koganနည်းပညာ ကုမ္ပဏီမှ ထုတ်လုပ်လိုက်သော ဒုတိယမြောက် မျိုးဆက် Agoraစမတ်ဖုန်းကို မိတ်ဆက်ပွဲထုတ် လိုက်ပါတယ်။ နာမည်ကြီး လူသိများတဲ့ Brandedမဟုတ် ပေမယ့် မြင့်မားတဲ့ နည်းပညာတွေ၊ Spec:တွေနဲ့ အတူ ဈေးနှုန်းလည်း သင့်တင့်တာမို့လို့ မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာနိုင်ဖို့ တင်ဆက်ပေးလိုက် ပါတယ်။
စမတ်ဖုန်းရဲ့ ပုံကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ မျက်နှာပြင်အကျယ် ၅လက်မရှိပြီး 720pရုပ်ထွက် ဖန်တီးပေးထားတဲ့ IPS LCD Displayအသုံးပြု ထားကာ 1.2GHz Quad-Core CPUနဲ့ Android Versionကို 4.2.2 (Jelly Bean)သုံးပေး ထားပါတယ်။ ဒါ့အပြင် RAM 1GBနဲ့ ဖုန်းတွင်းမှတ်ဉာဏ် 4GBလည်း စီစဉ်ပေးထားပြီး မလုံလောက်သေးရင် microSDကဒ်ကို 32GBအထိ တိုးချဲ့အသုံးပြု နိုင်မှာပါ။
ဖုန်းမှာတပ်ဆင် ထားတဲ့ ကင်မရာဟာ 8MPအရည်အသွေးရှိပြီး ရှေ့ကင်မရာကိုတော့ 2MPတပ်ဆင် ပေးထားပါတယ်။ ဒါ့အပြင် ဖြုတ်လို့တပ်လို့ရတဲ့ 2000mAh Batteryလည်း ထည့်သွင်းပေးထားတယ်လို့ ဆိုပါတယ်။ Wi-Fi, 3G, Bluetooth 4.0အကုန်အစုံ ပါ၀င်တဲ့ ဒီအဆင့်မြင် စမတ်ဖုန်းဟာ ဈေးနှုန်း ၁၈၉ဒေါ်လာ(သြစတြေးလျ ဒေါ်လာ ၂၀၀ခန့်)သာ ရှိတာမို့လို့ ဈေးသက်သာပါတယ်။
အဆိုပါ Agoraစမတ်ဖုန်းဟာ အမေရိက၊ သြစတြေးလျ၊ ယူကေနဲ့ အခြားသော ဥရောပနိုင်ငံတွေမှာ အော်ဒါမှာလို့ ရပြီဖြစ်ကာ အာရှဈေးကွက်ကိုတော့ အောက်တိုဘာ ၃ရက်နေ့မှ စတင် တင်ပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။