News

ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့ သတ်မှတ်မည့် အစီအစဉ်ဖျက်သိမ်း

အများသုံး ယာဉ်စနစ်မကောင်းမွန်သော မြန်မာနိုင်ငံ၌ ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ့ သတ်မှတ်မည့် အစီအစဉ်မှာ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း မထသ (ဗဟို) ပညာပေးရေးဆပ် ကော်မတီဥက္ကဌ ဦးလှသောင်းမြင့်က စက်တင်ဘာ ၁၃ရက် မွန်းလွဲပိုင်းတွင် The Daily Elevenသို့ ပြောကြားခဲ့သည်ဟု သိရသည်။

ထိုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စက်တင်ဘာ ၂၂ရက်ကို ရန်ကုန်မြို့၌ ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့အဖြစ် သတ်မှတ်မည့်အပေါ် အများပြည်သူ၏ ေ၀ဖန်မှု အမျိုးမျိုး ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ပြုလုပ်မည့် အစီအစဉ်ကို ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။ ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့ သတ်မှတ်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ မထသ (ဗဟို) ပညာပေးရေးဆပ် ကော်မတီမှ တင်ပြခဲ့ခြင်းဖြစ်ကြောင်း မထသ (ဗဟို) ဥက္ကဌ ဦးလှအောင်က ပြောကြားခဲ့သည်။

အဆိုပါ ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့ သတ်မှတ်မည့် အစီအစဉ် ဖျက်သိမ်းခြင်းနှင့် ပတ်သက်၍ မထသ (ဗဟို) ပညာပေးရေးဆပ် ကော်မတီ ဥက္ကဌ၊ မထသ (ဗဟို) ဒုတိယဥက္ကဌ ဦးလှသောင်းမြင့်က “ကိုယ်ပိုင် မော်တော်ယာဉ်တွေ မသုံးစွဲရနေ့တွေကို ကမ္ဘာ့မြို့ကြီး ၁၅၀၀မှာလည်း သတ်မှတ်ပြီး လုပ်နေပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် လူတွေရဲ့ ကျန်းမာရေး ထိခိုက်မှုများ လျော့နည်းမယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေ လျော့ကြမယ်။ ယာဉ်တိုက်မှုတွေ လျော့နည်းစေမယ်စတဲ့ အကြောင်းအရာတွေကြောင့် မသုံးစွဲရတဲ့နေ့ကို သတ်မှတ်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြရခြင်း ဖြစ်ပါတယ်။ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ အစည်းအေ၀းမှာတော့ ဒါကို ဆွေးနွေးခဲ့တယ်။ အစည်းအေ၀း ဆုံးဖြတ်ချက်အရတော့ ကိုယ်ပိုင် မော်တော်ယာဉ်မျာ မသုံးစွဲရနေ့ သတ်မှတ်မယ့် အစီအစဉ်ကို ဖျက်သိမ်းပြီးတော့ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု စက်တင်ဘာ ၁၃ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးစွဲရနေ့ သတ်မှတ်မည်ဟု စက်တင်ဘာ ၅ရက် မြန်မာ့သတင်းစာ၌ ဖော်ပြခဲ့ပြီးနောက် ပြည်တွင်း၌ အများသုံး ယာဉ်စနစ် မကောင်းခဲ့သည့် အချိန်တွင် ယင်းကဲ့သို့ သတ်မှတ်မည့်အပေါ် ပြည်သူများက ေ၀ဖန်ခြင်းများ ပေါ်ထွက်ခဲ့သည်။

“ကိုယ်ပိုင် မော်တော်ယာဉ်တွေ မသုံးစွဲရတဲ့နေ့ သတ်မှတ်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တာက ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာရှိတဲ့ ပြည်သူအများစုရဲ့ ဆန္ဒနဲ့ တိုက်ဆိုင်မယ်လို့ ထင်ပါတယ်”ဟု ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူ ကိုလတ်က ပြောကြားခဲ့သည်ဟု ဆိုသည်။

“တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင်တော့ အများပြည်သူက ဘာကြောင့်ကန့်ကွက်တယ်ဆိုတာ စဉ်းစားလို့ မရဘူး။ ရန်ကုန်မြို့မှာ ကိုယ်ပိုင် ကားတွေ များလာတာ မှန်ပါတယ်။ ဒါပေမယ့် ဒါက လူနည်းစုပါ။ အများပြည်သူက ဘတ်စ်ကားတွေပဲ သုံးနေရတာပါ။ အဲဒီနေ့ကျရင် တက္ကစီတွေလည်း ထွက်လို့ရမယ်။ လူနာတင်ကားတို့ မီးသတ်ကားတို့စတဲ့ အရေးပေါ်သုံး မော်တော်ယာဉ်တွေလည်း ထွက်ခွင့်ရှိတယ်။ အဲဒီနေ့မှာ ကိုယ်ပိုင်ယာဉ်တွေ မထွက်ရတဲ့အတွက် လမ်းတောင်ရှင်းသွားဦးမယ်”ဟု သာကေတမြို့နယ်တွင် နေထိုင်သူ ကိုသန့်ဇင်ဦးကလည်း သုံးသပ်ပြောကြားခဲ့ပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

6 thoughts on “ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့ သတ်မှတ်မည့် အစီအစဉ်ဖျက်သိမ်း

  1. Min Tun says:

    လမ်းလေးများရှင်းမလားအောင်းမေ့ပါတယ် သွားပြီ

  2. Win Win Maw says:

    သူ့နိုင် ငံ မှာ ဖြင့် ဘာ မှ မရှိဘဲနဲ့ ရွှေဥဏ်တော် ဆူရောက် နေပြန်သေး

  3. Zaw Bala says:

    ခုတမျိုးတော်ကြာတမျိုး နဲ့ ကလေးတွေဆော့တာကြနေတာပဲ။ အကြံပေးများကလဲ စိတ်ထဲပေါ်တာ လျှောက်မပြောကြပါနဲ့

  4. ကျွန်တော်ကားမရှိတော့ သုံးသုံးမသုံးသုံး ကိစ္စမရှိပါဘူး

  5. အမလေး တော်သေးတာပေါ့ ဒီမိုကရေစီပြောပြီး အာဏာရှင် ပုံစံကျင့်သုံးဖို့ကြိုးစားတာ ဖျက်သိမ်းတယ်ဆိုတော့

  6. လီးးးးးးးးးးးမင်းတို့ကအမျိုးမျိုးဘဲ

Leave a Reply

Your email address will not be published. Required fields are marked *