မနေ့က စက်တင်ဘာ ၁၁ရက်နေ့က အမေရိကန် ပြည်ထောင်စုအတွက် တကယ်ပဲ အိပ်မက်ဆိုးတစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၁ခုနှစ်တုန်းက အမေရိကန်ရှိ WTC(World Trade Centre)ကို လေယာဉ်ပျံဖြင့် ၀င်ရောက်တိုက်ခိုက်ခြင်း ခံခဲ့ရကာ အပြစ်မဲ့ ပြည်သူ သုံးထောင်ခန့် သေဆုံးခဲ့ရပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်တွေလည်း အဆိုပါ နေ့ရက်မှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောင်းအမှတ်ရကာ လေ့လာနိုင်စေဖို့ မြန်မာအိုင်စီတီ ၀က်ဘ်ဆိုဒ်မှ ဓာတ်ပုံတွေ ေ၀ေ၀ဆာဆာနဲ့ တင်ဆက်ပေးလိုက်ပါတယ်။
၁။ မြောက်ဘက် တာဝါမှ စတင်တိုက်ခိုက် ခံရစဉ်၊ ပျက်စီးဆုံးရံှုးမှု အများဆုံး ဖြစ်ပြီး အထဲကလူတွေ အတွက် ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေး မရခဲ့ပါဘူး။
၂။ တောင်ဘက် တာဝါ တိုက်ခံရစဉ်။
၃။ မြောက်ဘက်တာဝါ တိုက်ခံရ၍ မီးခိုးများ ထွက်နေစဉ် တောင်ဘက်တာဝါကို ဆက်လက် တိုက်ခိုက်ရန် လေယာဉ်တစ်စီး ၀င်လာစဉ်။
၄။ အမြွှာမျှော်စင်ကို လေယာဉ်ပျံနဲ့ တိုက်ခံရတဲ့ ထောင့်ပေါင်းစုံက ဓာတ်ပုံတွေကတော့ အများအပြားပါပဲ။ ဒါပေမယ့် ထောင်နဲ့ချီတဲ့ ဓာတ်ပုံတွေတော့ မရရှိခဲ့ပါဘူး။
အဲဒီအချိန်တုန်းက iPhoneကို မတီထွင်ရ သေးသလို ဖုန်းတွေ အများစုကလည်း ကင်မရာ မပါ၀င်ကြဘူးလို့ သိရပါတယ်။
၅။ တာဝါကို လေယာဉ်နဲ့ တိုက်ခိုက်ခံရပြီး တာဝါမှာ လေယာဉ်ပျံပုံစံ အပေါက်ကြီး ဖြစ်သွားတာပါ။
၆။ အမြွှာမျှော်စင်ရဲ့ အပေါ်ထပ်မှာရှိတဲ့ လူတွေ ခုန်ချခဲ့ပါတယ်။
၇။ တာဝါကြီး တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးနေတဲ့ ပုံပါ။
၈။ WTC(ကမ္ဘာ့ကုန်သွယ်ရေး မျှော်စင်)ကြီးရဲ့ တောင်ဘက် အဆောက်အဦက မြောက်ဘက် အဆောက်အဦထက် နောက်မှ အတိုက်ခံရပေမယ့် အရင်ပြိုလဲ ခဲ့ပါတယ်။
၉။ ဒီပုံကတော့ ဓာတ်ပုံဆရာ Richardရိုက်ယူ ခဲ့တဲ့ WTCကနေ လူတစ်ယောက် ဇောက်ထိုးပြုတ်ကျနေတဲ့ ပုံဖြစ်ပါတယ်။
၁၀။ အရင်က မသိကျွမ်းခဲ့တဲ့ သူစိမ်းတွေတောင်မှ ဒီအဖြစ်ဆိုးကြီးကို အတူတကွ ကြုံရတဲ့အခါ မိတ်ဆွေ ဖြစ်သွား ကြပါတယ်။ အခြားဋ္ဌာနတွေလည်း ပိတ်ခဲ့ပြီး ၀န်ထမ်းတွေ အများအပြားဟာ အဆိုပါဖြစ်ရပ်ရဲ့ ဒုက္ခသည်တွေကို ကူညီခဲ့ကြပါတယ်။
၁၁။ လွန်ခဲ့တဲ့ ၁၂နှစ်က ကြုံခဲ့ရတဲ့ အဲဒီနေ့ကတော့ အမေရိကန်တွေ အားလုံးအတွက် တကယ်ပဲ ကပ်ဘေးဆိုက်သလို ၀မ်းနည်းပူဆွေးစရာ နေ့ရက် ဖြစ်ခဲ့ပါတယ်။
၁၂။ ဒါကတော့ အမေရိကန်လူကြီး တစ်ယောက် ဖုန်တွေကို လက်ကိုင်ပုဝါနဲ့ အုပ်ထားပြီး ညစ်ပတ်နေတဲ့ အ၀တ်အစားနဲ့ လမ်းလျှောက်နေတဲ့ ပုံဖြစ်ပါတယ်။ မမေ့နိုင်စရာ ပါပဲ။
၁၃။ အရေးပေါ် လုပ်အားပေးတဲ့ Emergency Workerအယောက် လေးရာကျော် သေဆုံးခဲ့ရသလို အချင်းချင်း ပွေ့ဖက် အားပေးခဲ့ကြပါတယ်။
၁၄။ ရုပ်ရှင်ဆန်တဲ့ ပြကွက်မျိုး ဆိုပေမယ့် တကယ်တမ်းရုပ်ရှင် မဟုတ်ပါဘူး။ ဒဏ်ရာရနေတဲ့ လူကို ကယ်ထုတ်လာတဲ့ လူငယ်တစ်ယောက်ပုံကို ရိုက်ယူထားတာ ဖြစ်ပါတယ်။ ကြေကွဲဆို့နင့် စရာပါပဲ။
၁၅။ ထိတ်လန့် စိုးရွံ့မှုဟာ စကားလုံးတွေနဲ့တောင် ဖော်ပြလို့ မရနိုင်ပါဘူး။ ဒီပုံကတော့ နယူးယောက်မြို့သား တစ်ယောက်ရဲ့ ပုံဖြစ်ပြီး အဲဒီနေ့တုန်းက နယူးယောက်တစ်မြို့လုံးကို ဖျက်ဆီးခံလိုက်ရသလို ခံစားခဲ့ရပါတယ်။
၁၆။ နယူးယောက်မြို့ အနီးမှာ ရှိတဲ့ Manhattanမှာလည်း ကြောက်ရွံ့ဖွယ် ကောင်းလောက်အောင် မီးခိုးတွေ ဖုံးလွှမ်နေခဲ့ပါတယ်။
၁၇။ အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးအရ တံတားတွေ၊ တူးမြောင်းတွေ ပိတ်ထားခဲ့ကာ အရေးပေါ်ယာဉ်တွေပဲ ရှိခဲ့ပါတယ်။ ဒါကြောင့် နယူးယောက်က လူတွေအနေနဲ့ အိမ်ကို လမ်းလျှောက် ပြန်ခဲ့ရပြီး အချို့ကတော့ Manhattanကို သွားကြပါတယ်။
၁၈။ အင်ဂျင်နီယာတွေကတော့ အဆိုပါ WTC(World Trade Centre)ရဲ့ တည်ဆောက်မှုဟာ ပုံမမှန်ဘူးလို့ ဆိုခဲ့ပါတယ်။ အဆောက်အဦရဲ့ အလယ်အူတိုင်ထက် အပြင်မှာတပ်ဆင် ထားတဲ့ Shellတွေရဲ့ ၀န်ဟာ ပိုမိုကြီးမား ခဲ့ပြီး အဆိုပါ Shellတွေ ကျိုးပျက်သွားတာနဲ့ အဆောက်အဦဟာလည်း ခိုင်ခံမှု အားနည်းပြီး ပြိုကျခဲ့တာ ဖြစ်ပါတယ်။