ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ လာမည့် ဘဏ္႑ာနှစ်အသုံးစရိတ်နှင့် ပတ်သက်၍ အမှန်တကယ် ကိုယ့်နယ်မြေဒေသရှိ လူထု လိုအပ်ချက်အတိုင်း ဆောင်ရွက်သည့်နေရာတွင် အမှန်တကယ် ကုန်ကျငွေကို တင်ပြတောင်းခံကြရန် သမ္မတရုံး၀န်ကြီး ဦးစိုးသိန်းက ကယားပြည်နယ် ခရီးစဉ်အတွင်း ကယားပြည်နယ် အစိုးရအဖွဲ့ တာ၀န်ရှိသူများကို ယခုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ကယားပြည်နယ် လွိုင်ကော်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည့် ပြည်ထောင်စု ၀န်ကြီးများနှင့် ကယားပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချူပ်အပါအ၀င် တာ၀န်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားတွင် ဦးစိုးသိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“လာမယ့် စက်တင်ဘာလထဲမှာ ပြည်နယ်တိုင်းဒေသကြီး အသုံးစရိတ်ကို စတင်ရေးဆွဲကြမှာ ဖြစ်ပါတယ်။ ယခင်နှစ်က ၂ဘီလီယံလောက်ရတယ်။ အခု ၁၀ဘီလီယံဖြစ်ရင်လည်း ဖြစ်မှာပေါ့။ အဲဒါကို ပြည်နယ်တိုင်းဒေသကြီး အစိုးရက နားလည်ဖို့လိုပါတယ်။ တစ်ခါတစ်လေကျရင် ကြောက်တာပေါ့နော်။ ကျွန်တော်တို့ကတော့ ၂ကျပ်တောင်းတယ်။ အခု ၁၀တောင်းတဲ့အခါကျတော့ နိုင်ငံတော် သမ္မတကြီးက စိတ်ဆိုးမလားဆိုတဲ့ အတွေးကိုဖျောက်ကြပါ။ ကိုယ့်ဒေသခံ လူထုအကျိုးရှိဖို့အတွက် အမှန်တကယ် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက် အမှန်တကယ် ကုန်ကျနိုင်တဲ့ ငွေကြေးကို တင်ပြတောင်းခံတဲ့နေရာမှာ သမ္မတကြီး စိတ်ဆိုးတာ ကိုယ့်အလုပ်မဟုတ်ဘူး။ တောင်းရမှာ ကိုယ့်အလုပ်လို့ သဘောထား။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုက အကျိုးရှိတာတွေ လုပ်ချင်လို့၊ အဲဒီတော့ စိုးရိမ်ကြောက်လန့်နေတဲ့ စိတ်တွေ (Mind-set)ကို ပြောင်းလိုက်စမ်းပါလို့ ကျွန်တော်ပြောချင်တယ်”ဟု သမ္မတရုံး ၀န်ကြီးဦးစိုးသိန်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဘဏ္႑ာရေးနှစ်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး အကျိုးအတွက် ထူထောင်သည့်နေရာတွင် ပြည်နယ်တိုင်းဒေသကြီး အသုံးစရိတ်များသည် တပ်မတော်အစိုးရ လက်ထက်က ရေးဆွဲခဲ့သည့်အတိုင်း ဖြစ်နေသေးကြောင်းလည်း သိရသည်။ သို့ရာတွင် ယခုလာမည့် ဘဏ္႑ာရေးနှစ်တွင်မူ ပြည်နယ်၊ တိုင်းဒေသကြီးများ၏ တကယ့်လူထု အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရာ၌ အမှန်တကယ် လိုအပ်ချက်အတိုင်း၊ လျာထားငွေကို ရေးဆွဲပြရန် ဦးစိုးသိန်းက တိုက်တွန်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု၀န်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စု ၀န်ကြီးဦးတင်နိုင်သိန်း၊ ကယားပြည်နယ် ၀န်ကြီးချူပ် ဦးခင်မောင်ဦးအပြင် ပြည်နယ်အစိုးရအဖွဲ့၊ လူမှုအဖွဲ့အစည်းများနှင့် ကယားပြည်နယ် မြို့နငယ်ရ မြို့နယ်က ဒေသခံများလည်း တက်ရောက်ခဲ့ကြသည်။
“၀န်ကြီးရဲ့ စကားကိုကြားတော့ အမှန်တကယ်လည်း အားရှိပါတယ်။ နိုင်ငံတော်က ချပေးမယ့် ဘတ်ဂျက်ကို ဒေသခံလူထု အကျိုးရှေ့ရှုပြီး မှန်မှန်သုံးစွဲဖို့တော့ လိုတယ်။ အဖိတ်အစင် အလေအလွင့် မရှိအောင်၊ မသမာသူတွေ မဖြစ်အောင်လည်း ပြည်နယ် အစိုးရ တာ၀န်ရှိသူတွေအနေနဲ့ အထူးဂရုစိုက်ရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီငွေတွေဟာ ပြည်သူ့ဘဏ္႑ာ၊ တိုင်းပြည်ဘဏ္႑ဖြစ်လို့ပဲ”ဟု အဆိုပါ ဆွေးနွးပွဲသို့ တက်ရောက်လာသော လွိုင်ကော်ဒေသခံ မြို့မိမြို့ဖ တစ်ဦးက ယခုလို မှတ်ချက်ပေး ပြောကြားသည်ကိုလည်း ကြားသိရပါသည်။
သမတမျက်နှာ မကြည့်နဲ့ ပြည်သူ့မျက်နှာကြည့် ငကြောင်ရဲ့။ အဲဒါ သမတ ပိုက်ဆံမဟုတ်ဘူး ပြည်သူ့ဘဏ္ဍာ တိုင်းပြည်ရဲ့ဘဏ္ဍာ။
အင်းးးးးး စိတ်ပျက်စရာပဲ။ တိုင်းပြည်အတွက်တော့ ဘယ်လိုစီမံကိန်းတွေ ရေးဆွဲပြီး ဘယ်လိုအကောင်အထည် ဖော်နေပါတယ် ဆိုတာတော့ မပြနိုင်ဘူး ဘတ်ဂျက်တောင်းဖို့လောက်ပဲ အားခဲနေကြတယ်။ တောင်းပြီးရင်လည်း ဝေစား မျှစားနဲ့ ပြီးသွားမယ် ထင်တာပဲ…
သမ္မတကြီးပြောင်ပါပြီနဖူး
စိတ်ပျက်စရာပဲနော်
ဘယ်သူသေသေငတေမာရင်ပြီးရောလုပ်နေကြပြီစိတ်ပျက်စရာဘဲ….ကြီးရုပ်တွေ…