ဒေသတစ်ခုအတွင်း မတူညီသော ရေဒီယို ဆက်သွယ်ရေး ကွန်ရက်များ ရောထွေးမှုမရှိစေရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၂၀၁၃-၂၀၁၄ ဘဏ္႑ာရေးနှစ်အတွင်း ရန်ကုန်နှင့်နေပြည်တော်ရှိ မိုလ်ဘိုင်းဖုန်းလိုင်း သုံးသန်းကို လဲလှယ်တပ်ဆင်မည်ဖြစ်ပြီး အဆိုပါ စီမံကိန်းကို Huawei ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္႑ာရေးနှစ်အတွင်း မိုလ်ဘိုင်းဖုန်းလိုင်း အင်အားလေးသန်း ထပ်မံတပ်ဆင်မည်ဖြစ်ရာ တစ်သန်းမှာ အသစ်တပ်ဆင်မည်ဖြစ်ပြီး သုံးသန်းမှာ စနစ်မတူသည့် ကွန်ရက်များနေရာတွင် စနစ်တူသည့် ကွန်ရက်များဖြင့် လဲလှယ် တပ်ဆင်ခြင်းဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုလ်ဘိုင်းအင်ဂျင်နီယာချူပ် ဦးခင်မောင်ထွန်းက စက်တင်ဘာ ၃ရက်က နိုင်ငံပိုင်သတင်းစာတွင် ပြောကြားထားသည်။
Networkများ ဒီဇိုင်းပြုလုပ်ရာတွင် ဆက်သွယ်ရေးပစ္စည်း တင်သွင်းသည့် ကုမ္ပဏီများ၏ စက်ပစ္စည်း ဆက်စပ်မှုနှင့် Radio စနစ် မတူညီမှုများရှိသည့်အတွက် ယခုကဲ့သို့ ကုမ္ပဏီတစ်ခုတည်း၏ စက်ပစ္စည်းများကို တပ်ဆင်ရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ ထိုသို့ မိုဘိုင်းလိုင်းအင်အား တိုးချဲ့ရန်အတွက် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို ဧပြီလအတွင်းက အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခွင့် တင်ဒါ ခေါ်ယူခဲ့ရာ Huawei ကုမ္ပဏီက တင်ဒါ အောင်မြင်ခဲ့ပြီး လက်ရှိတွင် လုပ်ငန်းစတင်ရန်အတွက် စာချူပ်ချူပ်ဆိုထားပြီး ဖြစ်သည်ဟု ဆိုသည်။
ဦးခင်မောင်ထွန်းက “လိုင်းလေးသန်း တိုးချဲ့ရေး စီမံကိန်းမှာ မတူညီတဲ့ ရေဒီယို ဆက်သွယ်ရေးစခန်းတွေ ရောယှက်နေတဲ့ ရန်ကုန်နဲ့ နေပြည်တော်တို့မှာ စုစုပေါင်း လိုင်းသုံးသန်းကို ပစ္စည်းပေးသွင်းတဲ့ ကုမ္ပဏီတစ်ခုတည်းရဲ့ စက်နဲ့ အစားထိုး တပ်ဆင်သွားမှာပါ။ အဲဒီအစားထိုးရာကနေ ထွက်ရှိလာတဲ့ စက်ပစ္စည်းတွေကို မိုဘိုင်းလိုင်းတိုးချဲ့ဖို့ လိုအပ်နေတဲ့ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုးချဲ့တပ်ဆင်ဖို့ စီစဉ်ထားပါတယ်”ဟု ဖြေကြားထားသည်။
ထို့အပြင် လိုင်းအင်အား တစ်သန်း သီးသန့်တိုးချဲ့မည်ဖြစ်ရာ ရန်ကုန်တွင် လိုင်းအင်အားခြောက်သိန်း၊ နေပြည်တော်တွင် ၁၆၀,၀၀၀နှင့် မန္တလေးတွင် ၂ ဒသမ ၅သိန်း တိုးချဲ့တပ်ဆင်သွားမည်ဟု ဆိုသည်။ ၄င်းအပြင် မိုဘိုင်းဖုန်းလိုင်း အင်အားများ တိုးချဲ့ရာတွင် လိုအပ်သည့် စက်မှု အဆောက်အအုံများ၊ လေအေးပေးစက်စနစ်၊ လျှပ်စစ်ဓာတ်အားပေးစနစ်၊ တာဝါတိုင် တည်ဆောက်ခြင်း စသည့် မိုဘိုင်းအခြေစိုက် စခန်း ၄၀၀ခန့် တည်ဆောက်ရန်အတွက် ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း လုပ်ကိုင်မည့် ကုမ္ပဏီများကို စက်တင်ဘာ ၂၆ရက် နောက်ဆုံးထား၍ တင်ဒါလျှောက်ထားရန် ဆက်သွယ်ရေးလုပ်ငန်းက ဖိတ်ခေါ်ထားသည်ဟု သိရသည်။
လက်ရှိ အချိန်အထိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းလိုင်း အင်အား ၅ဒသမ ၂သန်းကျော် ချထားပေးလျက်ရှိပြီး ၂၀၁၃-၂၀၁၄ ဘဏ္႑ာနှစ်တွင် မိုဘိုင်းလိုင်းအင်အား လေးသန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္႑ာနှစ်တွင် မိုဘိုင်းလိုင်းအင်အား ငါးသန်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္႑ာနှစ်တွင် မိုဘိုင်းလိုင်းအင်အား ငါးသန်းတိုးချဲ့ရန် စီစဉ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရပါသည်။
အမြန်သာလဲပေးပါနော်
အစုတ်ကိုအဟောင်းနဲ့မလုပ်နဲ့ကွ
မန္တလေးကောမပါဘူးးလား
Taunggyi ???