News

Nokiaရဲ့ အဓိကတွေကို Microsoftက သိမ်းပိုက်လိုက်ပြီ

စမတ်ဖုန်း လောကထဲမှာ အထင်ကရ နာမည်တစ်ခု ဖြစ်တဲ့ Nokiaအနေနဲ့ ၎င်းတို့ရဲ့ Brandနဲ့ စမတ်ဖုန်း ဆက်လက်ထုတ်လုပ် သွားမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီ မိုက်ခရိုဆော့ဖ်က Nokiaရဲ့ Deviceတွေနဲ့ ၀န်ဆောင်မှု အခန်းကဏ္႑တွေကို အမေရိကန် ဒေါ်လာ ၇.၂ဘီလီယံ အကုန်အကျခံ ၀ယ်ယူခဲ့ပြီး “Asha” “Lumia”စတဲ့ အမှတ်တံဆိပ်တွေဟာ “Redmond”အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် “Nokia”ဆိုတဲ့ အမှတ်တံဆိပ်ကတော့ ဖင်လန်အခြေစိုက် ကုမ္ပဏီရဲ့ ဂုဏ်တစ်ခု အဖြစ်ဆက်လက် တည်ရှိနေမှာ ဖြစ်ပြီး ၁၀နှစ်အောက် လိုင်စင်နဲ့ Featureဖုန်း တွေမှာ အသုံးပြုသွား နိုင်ပါတယ်။

ဒါကြောင့် မိုက်ခရိုဆော့ဖ်ရဲ့ Divisionနဲ့ ဖန်တီး ထုတ်လုပ်ထားတဲ့ နောင်ထွက်ရှိလာမယ့် Windowsဖုန်း တွေဟာ မိုက်ခရိုဆော့ဖ်Brand ဖြစ်လာတော့မှာပါ။ Nokiaအနေနဲ့လည်း စမတ်ဖုန်းဈေးကွက်ကို နှုတ်ဆက်ပြီး စမတ်ဖုန်းတွေ ဖန်တီးတဲ့ နေရာမှာ ကူညီတဲ့ အဆင့်သာ လုပ်ရတော့မှာ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “Nokiaရဲ့ အဓိကတွေကို Microsoftက သိမ်းပိုက်လိုက်ပြီ

  1. ဒါဆိုရင် Nokia ဖုန်းတွေ Android version နဲ့ ထွတ်လာ နိုင်ခြေ ရှိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *