News

စီရော်နယ်လ်ဒို၏ စံချိန်တင်ပြောင်းရွှေ့ကြေးကို ဂါရတ်ဘေးလ်က ရိုက်ချိုး

ရီးယဲလ်မက်ဒရစ် အသင်းသည် စပါးတောင်ပံ ကစားသမား ဂါရတ်ဘေးလ်အား ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် ၈၆သန်းဖြင့် အပြီးသတ် ခေါ်ယူခဲ့ပြီး ၆နှစ် စာချူပ်ချူပ်ဆိုခဲ့ကြောင်း သိရသည်။ ရီးယဲလ်အသင်းသည် အသက် ၂၄နှစ် အရွယ်ရှိ ေ၀းလ်စ်လက်ရွေးစင် ကစားသမားဘေးလ်အား နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းသည့် နောက်ဆုံးနေ့ဖြစ်သော ပြီးခဲ့သည့် တနင်္လာနေ့က ဘာနေဗျူးကွင်းတွင် တရား၀င် စာချူပ်ချူပ်ဆိုခြင်း၊ ပရိတ်သတ်များ၊ မီဒီယာများနှင့် မိတ်ဆက်ခြင်း အခမ်းအနားများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဘေးလ်ဒ မိတ်ဆက်ပွဲသို့ ရီးယဲလ် ပရိသတ် ၂သောင်းကျော် တက်ရောက်ခဲ့ကြပြီး ဘေးလ်က “ဒါဟာ ကျွန်တော့ရဲ့ ငယ်ဘ၀ အိမ်မက်တစ်ခုပါ။ ဒီနှစ် ရီးယဲလ်အသင်း ပစ်မှတ်ထားနေတဲ့ (၁၀)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ရရှိအောင် ကူညီနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့အပြင် ဘေးလ်က မီဒီယာများနှင့် တွေ့ဆုံရာ၌ တန်ဖိုးကြီးမားသည့် ပြောင်းရွှေ့ကြေးနှင့် ပတ်သက်၍ မေးမြန်းမှုကို မိမိအနေဖြင့် ပြောင်းရွှေ့ကြေး တစ်ပဲနီသာ တန်ကြေးရှိလျှင်လည်း ရီးယဲလ်သို့ ပြောင်းရွှေ့လိုကြောင်း၊ ပြောင်းရွှေ့ကြေးဆိုသည်မှာ ကစားသမားများအတွက် အရေးမပါပဲ ကလပ်အသင်းနှစ်သင်းကြားမှ ကိစ္စရပ်တစ်ခုသာ ဖြစ်ကြောင်းလည်း တုံ့ပြန်ပြောကြားခဲ့သည်ဟု ဆိုသည်။

ဘေးလ်သည် ရီးယဲလ်အသင်းတွင် ကျောနံပတ် ၁၁ကို ၀တ်ဆင်ကစားရမည်ဖြစ်ပြီး လာမည့် လာလီဂါပွဲစဉ်ဖြစ်သည့် ဗီလာရီးယဲလ်နှင့် ပွဲတွင် စတင်ပွဲထွက်ခွင့် ရရှိဖွယ်ရှိနေကြောင်းလည်း သိရပါသည်။ ဘေးလ်သည် တနင်္ဂနွေနေ့ညက ရီးယဲလ်အသင်းသို့ ဆေးစစ်မှု ပြုလုပ်ကာ နေ့လည်ပိုင်း၌ မိတ်ဆက်ပွဲပြုလုပ်ခဲ့ပြီးနောက် ချက်ချင်းဆိုသလို ဗြိတိန်သို့ ပြန်သွားခဲ့ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည့် ေ၀းလ်စ် လက်ရွေးစင် အသင်းနှင့် ပူးပေါင်းခဲ့ကြောင်းလည်း သိရသည်။

ရီးယဲလ်အသင်းနှင့် ၆နှစ် စာချူပ်ချူပ်ဆိုခဲ့သည့် ဘေးလ်သည် တစ်နှစ်လျှင် အသားတင် လစာအဖြစ် ယူရို ၁၀သန်းခန့် ရရှိမည်ဟု ဆိုသည်။

ကမ္ဘာ့ပြောင်းရွှေ့ကြေး အမြင့်ဆုံး ဘောလုံးကစားသမား (၁၀)ဦး၏ အမည်စာရင်းကိုလည်း ဖော်ပြပေးလိုက်ပါသည်။

အမည်                     မှ                               သို့                       ပြောင်းရွှေ့ကြေး (ပေါင်)        ခုနှစ်
၁။ ဂါရတ်ဘေးလ်   စပါး                          ရီးယဲလ်               ၈၆သန်း                               ၂၀၁၃
၂။ စီရော်နယ်လ်ဒို   မန်ယူ                        ရီးယဲလ်               ၈၀သန်း                               ၂၀၀၉
၃။ အီဘရာဟီမိုဗစ်  အင်တာမီလန်           ကာစီလိုနာ          ၅၉သန်း                               ၂၀၀၉
၄။ ကာကာ              အေစီမီလန်                ရီးယဲလ်              ၅၆သန်း                               ၂၀၀၉
၅။ ကာမာနီ             နာဟိုလီ                     PSG                   ၅၅သန်း                               ၂၀၁၃
၆။ ဖယ်လ်ကာအို     အက်သလက်တီကို     မိုနာကို               ၅၁သန်း                               ၂၀၁၃
၇။ တောရက်စ်        လီဗာပူးလ်                  ချယ်လ်ဆီး        ၅၀သန်း                                ၂၀၁၁
၈။ နေမာ                 ဆန်းတို့စ်                    ဘာစီလိုနာ        ၄၈.၆သန်း                             ၂၀၁၃
၉။ ဇီဒန်း                ဂျူမင်တပ်စ်                 ရီးယဲလ်             ၄၆သန်း                                ၂၀၀၁
၁၀။ လူ၀စ်ဖီဒို        ဘာစီလိုနာ                   ရီးယဲလ်             ၃၇သန်း                                ၂၀၀၀

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *