News

မိမိဖုန်းသို့ ခေါ်ဆိုသည့် ကြိုးဖုန်း၏ လိပ်စာ သိရှိနိုင်မည့် Golden Call Locator ဆော့ဖ်ဝဲ

Golden Call Locator ဆော့ဖ်ဝဲ အသုံးပြု၍ မိမိဖုန်းအတွင်း ဝင်ရောက်လာသော ကြိုးဖုန်းနံပါတ်၏ နေရပ်ဒေသ၊ အိမ်လိပ်စာ၊ လမ်း နာမည်၊ မြို့နယ်၊ တိုင်းဒေသကြီးတို့ကို အတိအကျ သိရှိနိုင်ကြောင်း သိရသည်။ Android OS ဖုန်းကိုင်သည့်သူတိုင်းအတွက် Golden Call Locatorကို Install ပြုလုပ်ရုံဖြင့် ဖုန်းအတွင်း ဝင်လာသော ဖုန်းနံပါတ်၏ လိပ်စာအတိအကျကို သိရှိနိုင်ရုံသာမက လိပ်စာရှာဖွေချင်သော ဖုန်းနံပါတ်ကိုလည်း ဆော့ဖ်ဝဲအတွင်း ဖုန်းနံပါတ် ရိုက်ထည့်၍ ရှာဖွေနိုင်သည်ဟု ဆိုသည်။

ယင်းဆော့ဖ်ဝဲ အသုံးပြုသူ တစ်ဦးက “ဒီဆော့ဖ်ဝဲက အသုံးဝင်ပါတယ်။ ဥပမာ-အလုပ်ကိစ္စ ဖုန်းဆက်ရင် လိပ်စာတောင်းဖို့ မေ့သွားတာမျိုးဆိုရင် ဖုန်းထပ်ဆက်ဖို့ မလိုဘူး။ ဖုန်းနံပါတ်နဲ့ လိပ်စာကို ရှာလို့ ရသွားတယ်”ဟု ပြောသည်။

အဆိုပါ ဆော့ဖ်ဝဲသည် ကြိုးဖုန်းနံပါတ်များ၏ နေရပ်လိပ်စာများကိုသာ အတိအကျ သိရှိနိုင်ပြီး ပြည်တွင်းတွင်သာ အသုံးပြုနိုင်မည်ဟု ဆိုသည်။ Golden Call Locator ဆော့ဖ်ဝဲကို မြန်မာနိုင်ငံတွင်သာ အသုံးပြုနိုင်ပြီး www.myanmarmobileapp.comတွင် ဒေါင်းလုပ် ရယူနိုင်ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

5 thoughts on “မိမိဖုန်းသို့ ခေါ်ဆိုသည့် ကြိုးဖုန်း၏ လိပ်စာ သိရှိနိုင်မည့် Golden Call Locator ဆော့ဖ်ဝဲ

  1. land phone နယ်‌ ၆ လုံးနံပါတ်‌ ရှာမရ‌သေးပါ

  2. Ko Naung Gyi says:

    WIFI Auto ထထ ပွင့်သော error မည်သို့ရှင်းမည်နည်း ???

  3. Tun Min Aung says:

    ဆ.သ.ရ က ခိုးပြီး နေရာပြောင်းပေးထားတာတွေဆို အမှန်မပေါ်ပါဘူးဗျာ နောက်ပြီး GSM မိုဘွန်းဆို မရပါ

  4. Spy Spy says:

    Mobile ,ကိုလည်းရရင်ပိုအဆင်ပြေလိမ့်မယ်ဗျ

  5. ထင်သလောက်မဟုတ်ပါဘူး

Leave a Reply

Your email address will not be published. Required fields are marked *