Googleရဲ့ VP(Vice President)လည်းဖြစ်၊ အန်းဒရွိုက်တာ၀န်ခံလည်း ဖြစ်တဲ့ Mr.Hugo Barraတစ်ယောက် ကတော့ Googleကို စွန့်ခွာပြီး ပေကျင်းအခြေစိုက် ဆဲလ်ဖုန်း ထုတ်လုပ်တဲ့ကုမ္ပဏီ “Xiaomi”ကို ပြောင်းရွှေ့သွားပြီလို့ သိရပါတယ်။ ၎င်းဟာ ၂၀၀၈ခုနှစ်တည်းက လုပ်ကိုင်ခဲ့တဲ့ Googleကုမ္ပဏီကို မကြာမီကမှ ထွက်စာတင်ခဲ့တာ ဖြစ်ပြီး သတင်းဋ္ဌာနတစ်ခုရဲ့ အဆိုအရ Mr.Barraဟာ Googleရဲ့ ပူးပေါင်းတည်ထောင်သူ Sergey Brinနဲ့လည်း အဆက်အသွယ်တွေ ရှိခဲ့ပြီး ဒီလိုအလုပ်ထွက် ရခြင်းကတော့ အဆိုပါ ဆက်သွယ်မှုကိစ္စနဲ့ မဆိုင်ဘူးလို့ ဆိုပါတယ်။
Barraဟာ Googleမှာ အလုပ်လုပ်စဉ်က လူအများရှေ့ ထွက်ပြီးရှင်းလင်း ပြောကြားမှုတွေ အများအပြား လုပ်ခဲ့သလို နှစ်စဉ်ကျင်းပတဲ့ I/O Developerကွန်ဖရင့် မှာလည်းBarraဟာ ပိုမိုထင်ရှား ခဲ့ပါတယ်။ Xiaomiကုမ္ပဏီ ဟာလည်း တရုတ်ပြည် ဈေးကွက်အတွက် အန်းဒရွိုက် ဖုန်းတွေကို လွန်ခဲ့တဲ့ နှစ်နှစ်တည်းက ထုတ်လုပ်ရောင်းချ နေခဲ့တာ ဖြစ်ပြီး ပြည်တွင်း မိုဘိုင်းဖုန်းဈေးကွက်ကို ဦးဆောင်နိုင်ခဲ့သူပါ။ ယခုလ အစောပိုင်းတုန်းက Macworldရဲ့ ထုတ်ပြန်ချက် အရဆိုရင် အဆိုပါကုမ္ပဏီ Xiaomiရဲ့ သဘောၤတင်ပို့ ရောင်းချရမှုဟာ Appleထက်တောင် သာလွန်ခဲ့တယ်လို့ ဆိုပါတယ်။
Googleကုမ္ပဏီ အနေနဲ့ Barraရဲ့ နှုတ်ထွက်မှုကို အတည်ပြုခဲ့ပြီး “ကျွနု်ပ်တို့ အနေနဲ့ သူ့ကို အကောင်းဆုံးပဲ ဖြစ်စေချင်ပါတယ်။ သူGoogleမှာ ရှိစဉ်တုန်းက အချိန်တွေကို သတိရနေမှာ ဖြစ်ပြီး သူ့အနေနဲ့ အန်းဒရွိုက်လောကထဲမှာ ကျင်လည်နေသေးတယ် ဆိုတာကတော့ ကျွနု်ပ်တို့ အတွက် စိတ်လှုပ်ရှားစရာပါ”ဟု Googleက ပြောကြားခဲ့ပါတယ်။ ကာယကံရှင် Hugo Barraကတော့ သူ့ရဲ့ အလုပ်ပြောင်းရွှေ့မှု နဲ့ပတ်သက်ပြီး Google+စာမျက်နှာမှာ Xiaomiကို Vice Presidentအနေနဲ့ သွားရောက် လုပ်ကိုင်မှာ ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။ Barraဟာ အဆိုပါ တရုတ်ကုမ္ပဏီ Xiaomiရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ချဲ့ထွင်ဖို့လည်း စိတ်အားထက်သန်လျက် ရှိကြောင်း သိရှိရပါတယ်။