Apps

အန်းဒရွိုက်အတွက် Line Appအသစ်

ကမ္ဘာအရပ်ရပ်က အသုံးပြုသူ သန်း၁၅၀လောက် ရှိတဲ့ အန်းဒရွိုက်OSသုံး Line Appကို မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် တင်ဆက်ပေး လိုက်ပါတယ်။ အသံခေါ်ဆိုမှုတွေ၊ စာပို့မှုတွေကို အခမဲ့ အကန့်အသတ်မရှိ သုံးစွဲနိုင်တဲ့ ဆက်သွယ်ရေး Appတစ်ခု ဖြစ်ပြီးတော့ နိုင်ငံပေါင်း ၂၃၀ကနေ လက်ခံသုံးစွဲလျက် ရှိပါတယ်။ ဒါ့အပြင် အဆိုပါ Line Appဟာ နိုင်ငံပေါင်း ၄၄နိုင်ငံရဲ့ အခမဲ့ Appစာရင်းထဲမှာ ထိပ်ဆုံးက ရပ်တည်နေပြီးတော့ သင်တို့လည်း သုံးစွဲချင်တယ် ဆိုရင် ဖိုင်အရွယ်အစား 17MBနဲ့ ဒီနေရာမှာ အခမဲ့ဒေါင်းလုဒ် ရယူနိုင်ပါတယ်။

ဘယ်နေရာ၊ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် Line Appကို သုံးပြီး စမတ်ဖုန်းနဲ့ ဖုန်းခေါ်ဆိုတာ၊ စာပို့တာတွေကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်တစ်ခု အနေနဲ့လည်း သုံးနိုင်ပြီး သင့်ရဲ့ အဖြစ်အပျက်တွေ၊ ဓာတ်ပုံတွေနဲ့ Locationစတာ တွေကိုေ၀မျှပြီး Commentပါ ချန်ထားပေး နိုင်တယ်လို့ သိရပါတယ်။ အခုထွက်ရှိလာတဲ့ ဗားရှင်းအသစ်မှာ ဆိုရင်လည်း ချို့ယွင်းချက်တွေ၊ အဆင်မပြေမှုတွေကို ပြင်ဆင်ထားပြီး ရုရှားဘာသာစကားနဲ့ပါ အသုံးပြုလို့ ရမှာဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *