ဒီတစ်ခါမှာတော့ နာမည်ကြီး တင်းနစ်မယ် ချောချောလှလှ တစ်ဦးဖြစ်တဲ့ ရှာရာပိုဗာအကြောင်း ပြောပြလိုပါတယ်။ မာရီယာ ရှာရာပိုဗာဟာ ယူအက်စ်အိုးပင်း တင်းနစ်မယ် တစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ပခုံးဒဏ်ရာ ရထားလို့ အနားယူနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုလို ဒဏ်ရာမရခင် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ကျင်းပစဉ်တုန်းက ရှာရာပိုဗာ အနေနဲ့ သူမရဲ့ နာမည်ကို မာရီယာ ဆူဂါပိုဗာလို့ ပြောင်းပြီး သူ့ရဲ့ Candyကုမ္ပဏီကို ပိုမိုအရောင်းမြှင့်တင်ဖို့ စိတ်ကူးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါဟာ ယုတ္တိမရှိတဲ့ စိတ်ကူးတစ်ခု ဆိုပေမယ့် ကမ္ဘာကျော် တင်းနစ်မယ် ရှာရာပိုဗာကို ကြေးအကြီးဆုံး အားကစားသမား တစ်ဦးအဖြစ်၊ ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိတဲ့ ကုန်ပစ္စည်း Brandတစ်ခု အဖြစ် ပိုမိုထင်ရှား စေခဲ့ပါတယ်။ ဒီလောက်ချမ်းသာနေတဲ့ ရှာရာပိုဗာရဲ့ ငွေကြေးပိုက်ဆံတွေနဲ့ သူမဟာ ဖန်စီအ၀တ်အစားပေါင်း မြောက်များစွာနဲ့ ဈေးကြီးတဲ့ ကားတွေအပြင် ငယ်ရွယ်တဲ့ ရည်းစားကောင်လေး တစ်ယောက်နဲ့ပါ တွဲခုတ်ပြီး ဘ၀ကို ခပ်ပျော်ပျော်ပဲ ဖြတ်သန်းနေပါတယ်။
ကမ္ဘာ့ကြေးအကြီးဆုံး တင်းနစ်မယ် ရှာရာပိုဗာက ပိုက်ဆံတွေကို ဘယ်လိုသုံးဖြုန်းလဲ?

27
Aug