News

ဒစ်ဂျစ်တယ် တက်တူး(Tattoo)

ဒီတစ်ခါမှာတော့ မြန်မာအိုင်စီတီ ပရိသတ်ကြီး အတွက် “Digital Tattoo”တွေနဲ့ မိတ်ဆက်ပေးချင် ပါတယ်။ Tattooဆိုတာ ပုံမှန်အားဖြင့်တော့ အသားအနာခံပြီး ရေးဆွဲရတာ ဖြစ်ပေမယ့် အခုပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ Digital Tattooဆိုတာကို လေ့လာလိုက်ရအောင်ဗျာ။

အနုပညာရှင် ဖြစ်တဲ့ Anthony Antonellisဟာ သူ့ရဲ့လက်ထဲမှာ RFID(Radio Frequency Identification)ချစ်ပ် ထည့်သွင်းပြီး Digital Tattooတွေရဲ့ ခေတ်ဦးကို စတင်လိုက်တာ ဖြစ်ပါတယ်။

အဆိုပါ ချစ်ပ်ပြားဟာ အချက်အလက်ပမာဏ 1KBဆန့်ပြီး စမတ်ဖုန်းနဲ့ ကြည့်မှမြင်ရတဲ့ GIF Formatရုပ်ပုံ တစ်ခုကို ဖန်တီးထုတ်ပေးတာ ဖြစ်ပါတယ်။ ချစ်ပ်ပေါ်မှာ ရှိတဲ့ Contentကိုလည်း အသစ်တစ်ခုနဲ့ အစားထိုး လဲလှယ်နိုင်သလို ချစ်ပ်ထဲမှာ 1KBပမာဏထက် နည်းတဲ့ ရုပ်ပုံ(သို့မဟုတ်) စာသားကို ထည့်သွင်းထား နိုင်ပါတယ်။ ဆန်စေ့တစ်စေ့ လောက်တောင်မှ မကြီးတဲ့ အဆိုပါ ချစ်ပ်လေးကို Anthonyဟာ သူ့ရဲ့ လက်မနဲ့ လက်ညှိုးကြားထဲမှာ မြှုပ်ထားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ချစ်ပ်ပြားကို ထုတ်လုပ်တဲ့ ပရောဂျက်ရဲ့ ရည်ရွယ်ချက်ကတော့ အနုပညာလက်ရာတွေကို ရှုမြင်တဲ့ပုံစံနဲ့ သိုလှောင်သိမ်းဆည်းမှု ပုံစံနည်းလမ်းအသစ်ကို မိတ်ဆက်ပေးချင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်ပုံတွေသာမက ရုပ်ရှင်၊ ဗီဒီယိုစတဲ့ ပိုမိုအသေးစိတ်တဲ့ အရာတွေအထိပါ မျှော်မှန်းထားတယ် လို့လည်း သိရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *