ပြီးခဲ့သည့် စနေနေ့ညက အာဆင်နယ်ကို သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးခဲ့သော ဖူလ်ဟမ်အသင်း၏ ယခုရာသီ အိမ်ကွင်းအဖွင် ့ပွဲစဉ်တွင် ရုပ်သံရိုက်ကူးသော ကင်မရာစင်မှာ တစ်ရာသီစာ လက်မှတ်တန်ကြေး ပေါင် ၇၅၀ပေးကြည့်ရသည့် ဂျွန်နီဟေးနက် ပွဲကြည့်စင်မှ ပရိသတ်များ၏ မြင်ကွင်းကို ကွယ်နေခဲ့သဖြင့် ဒေါသထွက် ပေါက်ကွဲမှုများ ရှိခဲ့သည်ဟု သိရသည်။
ယင်းရုပ်သံ ရိုက်ကူးမှုမှာ ပရီးမီးယားလိဂ်ပွဲစဉ်များကို ရိုက်ကူးပြသခွင့် ရရှိထားသည့် BT Sportsရုပ်သံလိုင်းမှ ရိုက်ကူးခြင်းဖြစ်ပြီး အခြားကွင်းများတွင် ထိုပြဿနာမရှိသော်လည်း ဖူလ်ဟမ်အသင်း၏ ကရာဗင်ကော့တေ့ချ်ကွင်းမှာ အိုဟောင်းလွန်းပြီး သေးငယ်လွန်းသောကြောင့် မိုးလွတ်စေရန် ရှောင်ကွင်းရိုက်ကူးစရာ နေရာလည်းမရှိ၍ ထိုသို့ဖြစ်ခဲ့ရကြောင်း BT Sportsရုပ်သံလိုင်းမှ ဖြေရှင်းပြောကြားခဲ့သည်ဟု ဆိုသည်။
အဆိုပါပွဲကြည့်စဉ်၌ ၃၅နှစ်ဆက်တိုက် တစ်ရာသီစာ လက်မှတ်ဝယ်ယူကြည့်ရှုခဲ့သော အသက် ၅၀အရွယ် ဖူလ်ဟမ် ပရိသတ် အန်ဒူးစတန်လိန်ဆိုသူက “ဒီလောက်ဈေးကြီးပေးကြည့်ရပြီး မြင်ကွင်းကို ကွယ်နေတာက သည်းမခံနိုင်စရာပါပဲ။ ဂိုးသွားတဲ့ ဂိုးတွေကိုတောင် ကျွန်တော်တို့အပါအဝင် ကင်မရာနောက်မှာ ကွယ်နေတဲ့ ပရိတ်သတ်အချို့ဆိုရင် မြင်တွေ့ခွင့် မရလိုက်ဘူး။ ဒီပြဿနာကို BT Sports တာဝန်ရှိသူတွေရဲ့ အသင်းပိုင်ရှင် သစ် ရှာဟစ်ခမ်းတို့ ပူးပေါင်းအဖြေရှာပြီး ဖြေရှင်းပေးသင့်တယ်”ဟု ထုတ်ဖော်ပြောဆိုသွားကြောင်း သိရပါသည်။