Mobile

HTC Butterflyပြီးတော့ Butterfly S

HTCရဲ့ နာမည်ကြီး HTC Butterflyထွက်ရှိ ပြီးတဲ့နောက် အခုတစ်ခါ HTC Butterfly Sဆိုပြီး ထွက်ပေါ် လာပြန်ပါပြီ။ အဆိုပါ စမတ်ဖုန်းဟာ 2Gကွန်ရက်မှာ GSMဗားရှင်းတွေအားလုံး သာမက 3Gနဲ့ 4G LTEစနစ်တွေ မှာပါ ချိတ်ဆက်အသုံးပြု နိုင်မယ်လို့ သိရပါတယ်။ Micro-SIMကဒ် ထည့်သွင်း အသုံးပြုရမှာ ဖြစ်ပြီး အလေးချိန် ၁၆၀ဂရမ် ရှိပါတယ်။ Super LCD3 Capactive Touchscreen(16M Colors) တပ်ဆင်ထားပြီး မျက်နှာပြင်အကျယ် ၅လက်မမှာ 1080×1920pixels Resolutionနဲ့ Multitouchအသုံးပြုလို့ လည်းရတယ်လို့ ဆိုပါတယ်။

HTCဖုန်းတွေရဲ့ ထုံးစံအတိုင်းပဲ အသံစနစ်မှာတော့ “Beats Audio Sound Enhancement”ကို ထည့်သွင်းထား ပါတယ်။ အချက်အလက်တွေ သိုလှောင်ဖို့အတွက် ဖုန်းတွင်း မှတ်ဥာဏ် 16GBစီစဉ် ပေးထားပြီး မလုံလောက် သေးရင် microSDကဒ်ကို 64GBအထိတောင် ထည့်သွင်းအသုံးပြု နိုင်ပါတယ်။ RAMလည်း 2GBထည့်သွင်း ထားပါတယ်။

အချက်အလက်တွေ ကူးပြောင်းဖို့ အတွက်လည်း GPRS, EDGE, Wi-Fi (802.11 a/b/g/n/ac)စတာတွေ သာမက Bluetooth 4.0, USB & microUSB v2.0, Infrared Portနဲ့ NFCစနစ် စတာတွေကိုပါ ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဒီဖုန်းမှာ ထူးခြားတာကတော့ ကင်မရာကို 4MPသာ တပ်ဆင်ထားခြင်းပဲ ဖြစ်ပါတယ်။ ကင်မရာရဲ့ Resolutionကတော့ 2688×1520pixelsနဲ့ Autofocus, LED Flash, Geo-Tagging, Face & Smile Detection, HDRစတဲ့ Featureတွေ အစုံအလင် ပါ၀င်လာတာကိုလည်း တွေ့ရပါတယ်။ ဗီဒီယိုတွေကို 1080p@30fps ရုပ်ထွက်နဲ့ HDရိုက်ကူး နိုင်ပြီး ရှေ့ကင်မရာကိုတော့ 2.1MPအရည်အသွေးနဲ့ တပ်ဆင်ပေး ထားပါတယ်။

ဒီစမတ်ဖုန်းကို အန်းဒရွိုက် 4.2.2(Jelly Bean)အသုံးပြု မောင်းနှင်ထားတာ ဖြစ်ပြီး Qualcomm Snapdragon 600ချစ်ပ်ကို တပ်ဆင်ထားကာ CPUကတော့ Quad-Core 1.9GHz Krait 300ဖြစ်ပါတယ်။ ဂရပ်ဖစ်နဲ့ အန်နီမေးရှင်းတွေ အတွက်လည်း GPUကို Adreno 320သုံးထားပြီး ဂရပ်ဖစ်မြင့်မား ပါတယ်။ FM Radioလည်း ပါ၀င်ထားပြီး စမတ်ဖုန်းတစ်လုံးမှာ ရှိသင့်တဲ့ Sensorတွေလည်း အစုံအလင် ထည့်သွင်းထားပါတယ်။ အချက်အလက်တွေ Back-Upအနေနဲ့ ထားသိုဖို့ Dropboxကိုလည်း 25GBအထိ သုံးစွဲနိုင်ပါတယ်။ အဖြူ၊ အမည်း၊ အနီနဲ့ မီးခိုးရောင် ဆိုပြီး အရောင်လေးမျိုးနဲ့ ထုတ်လုပ်ထားပြီး ဘက္ထရီကိုတော့ ဖြုတ်လို့ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။ Li-Po 3200mAh Batteryကို တပ်ဆင်ထားပြီး 3Gကွန်ရက်မှာ Talking Time ၂၅နာရီတောင် အသုံးခံတယ်လို့ ဆိုပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *