Education

အမေရိကန်ရဲ့ ဈေးအကြီးဆုံး တက္ကသိုလ်တွေ

ပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃စာသင်နှစ်တုန်းက အမေရိကန်ရှိ တက္ကသိုလ်နဲ့ ကောလိပ်တွေရဲ့ ကျောင်းကုန်ကျစရိတ်ဟာ အနည်းဆုံး ဒေါ်လာငါးသောင်းလောက် ရှိခဲ့ပါတယ်။ ဒီပမာဏဟာ ကျောင်းစရိတ်၊ အခန်းခ၊ နေထိုင်စရိတ်စတာတွေ အားလုံးပါ၀င်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်တွေထဲက နိုင်ငံခြားသွားပြီး စာသင်ကြားချင်တဲ့လူတွေ လေ့လာနိုင်ဖို့ အမေရိကန်ရဲ့ ကျောင်းစရိတ်အမြင့်ဆုံး တက္ကသိုလ် ဆယ်ခုကို တင်ပြပေးလိုက်ပါတယ်။

၁။ နံပါတ်တစ် ဈေးအကြီးဆုံး ကျောင်းကတော့ Sarah Lawrence Collegeဖြစ်ပြီး တစ်နှစ်ကို ကျောင်းစရိတ် ၆၁၂၃၆ဒေါ်လာ ကုန်ကျတယ်လို့ ဆိုပါတယ်။

၂။ ဒုတိယ ကုန်ကျစရိတ် အများဆုံးကတော့ နယူးယောက်မြို့ရှိ နယူးယောက်တက္ကသိုလ် ဖြစ်ပါတယ်။ ဒေါ်လာ ၅၉၀၀၀ကျော် ကုန်ကျပြီး ၂၀၁၂-၂၀၁၃စာသင်နှစ်မှာ သတ်မှတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

၃။ တတိယကတော့ Harvey Mudd Collegeဖြစ်ပြီး ကယ်လီဖိုးနီးယားမှာ ရှိတဲ့ အနုပညာနဲ့ အင်ဂျင်နီယာပညာ နှစ်မျိုး သင်ကြားတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ ဒေါ်လာ ၅၈၀၀၀ကျော် ကုန်ကျတယ်လို့ သိရှိရပါတယ်။

၄။ စတုတ္ထဈေးအကြီးဆုံး တက္ကသိုလ်ကတော့ နယူးယောက်မြို့မှာပဲ ရှိတဲ့ ကိုလံဘီယာတက္ကသိုလ် ဖြစ်ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅၈၇၄၂ရှိတယ်လို့ သိရပါတယ်။

၅။ Middletownမှာ ရှိတဲ့ Wesleyan အနုပညာတက္ကသိုလ် ဟာဆိုရင်လည်း ဒေါ်လာ ငါးသောင်းရှစ်ထောင်ကျော်နဲ့ ကုန်ကျစရိတ် ကြီးမားတဲ့ တက္ကသိုလ်အဖြစ် ရပ်တည်နေဆဲပါ။

၆။ နောက်ထပ် တက္ကသိုလ်တစ်ခုဟာလည်း ကယ်လီဖိုးနီးယားမှာ ရှိတဲ့ Claremont McKennaကောလိပ် ဖြစ်ပါတယ်။ သူဟာလည်း အနုပညာကျောင်းတစ်ခု ဖြစ်ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅၈၀၆၅ကုန်ကျမှာ ဖြစ်ပါတယ်။

၇။ N.H.,Hanoverမှာ ရှိတဲ့ Dartmouthကောလိပ် ဟာလည်း ၅၇၉၉၆ဒေါ်လာနဲ့ ကျောင်းစရိတ်၊ အဆောင်စရိတ် တွေကိုပေးသွင်းရမှာ ဖြစ်ပါတယ်။

၈။ နောက်ပြီး နယူးယောက်မြို့မှာ ရှိတဲ့ New School Parsonsဟာလည်း ဒီဇိုင်းအနုပညာ တက္ကသိုလ်တစ်ခု ဖြစ်ပြီး ကုန်ကျစရိတ် ၅၇၉၁၀ဒေါ်လာနဲ့ ဈေးကြီးတဲ့ ကျောင်းပဲ ဖြစ်ပါတယ်။

၉။ န၀မမြောက် တက္ကသိုလ်ကတော့ ဂျွန်ဟော့ကင်း တက္ကသိုလ်ဖြစ်ပြီး ဒေါ်လာ ၅၇၈၂၀နဲ့ ကျောင်းစရိတ်ကို ပေးသွင်းရမှာပါ။

၁၀။ နောက်ဆုံး တက္ကသိုလ်ကတော့ ချီကာဂို တက္ကသိုလ်ဖြစ်ပြီး အဆိုပါ ကျောင်းရဲ့ ကျောင်းစရိတ်၊ အဆောင်စရိတ်၊ နေထိုင်စရိတ် စတာတွေဟာ ၅၇၇၁၁ဒေါ်လာ ကုန်ကျမှာပဲ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *