အကြမ်းခံတဲ့ ဖုန်းတွေဟာ မာကျောတဲ့ ပုံစံရှိရုံ သာမက ဖုန်းအတွင်းပိုင်းကို သဲ၀င်တာ၊ ရေ၀င်တာတွေပါ ကာကွယ်နိုင်ပြီး သင်နဲ့အတူ အချိန်အကြာကြီး ရှိနေစေမှာပါ။ အခုလည်း မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် ရေစိုခံစမတ်ဖုန်းတွေကို ရွေးချယ်တင်ဆက် ပေးလိုက်ပါတယ်။ ဒီဖုန်းတွေဟာ Water Proofingအတွက်တော့ အတိုင်းအတာ တစ်ခုအထိ စိတ်ချရပြီး ရေအိုင်ထဲ ပြုတ်ကျသွားခဲ့ရင်တောင် စိတ်ပူစရာ မရှိပါဘူးလို့ ဆိုပါတယ်။
၁။ နံပါတ်တစ် ရေစိုခံ စမတ်ဖုန်းကတော့ Samsungရဲ့ Galaxy S4 Activeပဲ ဖြစ်ပါတယ်။ အဆိုပါဖုန်းဟာ အန်းဒရွိုက်ဗားရှင်း 4.2.2(Jelly Bean)နဲ့ အလွန်တရာ မြန်ဆန်တဲ့ Processor, တောက်ပတဲ့ ငါးလက်မအရွယ် မျက်နှာပြင်တို့နဲ့အတူ ကြော့မော့လှပစွာနဲ့ မျက်စိကျစရာ ဒီဇိုင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်၀င်ခြင်း၊ ရေစိုခြင်းတို့မှ ကာကွယ်ပေးနိုင်ပြီး ရေအောက်မှာ ရိုက်ကူးနိုင်တဲ့ ကင်မရာပါ၀င်တဲ့ အချက်ကလည်း လူတွေကို ဖမ်းစားသွားစေ ပါတယ်။ ရေအနက်သုံးပေ (တစ်မီတာ)အနက်မှာ မိနစ်သုံးဆယ်ကြာအောင် ဖုန်းကို အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
၂။ နောက်ထပ် ဖုန်းတစ်လုံးကတော့ Sony Xperia Zရေစိုခံဖုန်း ဖြစ်ပါတယ်။ အန်းဒရွိုက်ဗားရှင်း 4.1အသုံးပြု ထားပြီး ကောင်းမွန်တဲ့ကင်မရာ၊ မြန်ဆန်တဲ့ Processorတွေနဲ့အတူ ကြာရှည်ခံတဲ့ Batteryလည်း ပါ၀င်လာတာကို တွေ့ရပါတယ်။ Batteryကို ဖြုတ်လို့တော့ ရမှာ မဟုတ်ပါဘူး။
၃။ Kyocera Hydro Edgeဆိုတဲ့ ရေစိုခံစမတ်ဖုန်းပါ။ Waterproof, Dustproofဖြစ်ရုံသာမက လေးလက်မအရွယ် မျက်နှာပြင်နဲ့ အနည်းငယ်ထူပြီး ကိုင်ဆောင်ရလွယ်ကူတဲ့ ပုံစံဟာ ဖုန်းကို ရေစိုနေရင်တောင် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ အန်းဒရွိုက်ဗားရှင်း 4.1အသုံးပြုထားပြီး 5MPကင်မရာနဲ့ CPU 1GHzရှိတယ်လို့ သိရပါတယ်။
၄။ နောက်ထပ် ရေစိုခံ စမတ်ဖုန်းကတော့ Casioက ထုတ်လုပ်တဲ့ Gz’One Commando 4G LTEပဲ ဖြစ်ပါတယ်။ ရေစိုခံရုံသာမက 4Gကွန်ရက်မှာပါ ချိတ်ဆက် အသုံးပြုနိုင်ပြီး အန်းဒရွိုက် 4.0(ICS) ထည့်သွင်းထားတဲ့ အကြမ်းခံ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။
၅။ NEC Terrainဆိုတဲ့ ရေစိုခံ QWERTYခလုတ်နဲ့ စမတ်ဖုန်းကတော့ အားလုံးထဲမှာ ထူးခြားနေမှာပါ။ Push-To-Talk ဆိုတဲ့ Featureလည်း ပါ၀င်ပြီး အန်းဒရွိုက်ကို 4.0(ICS) အသုံးပြုထားကာ CPUအမြန်နှုန်းလည်း 1.5 GHzရှိ ပါတယ်။ ဖုန်းတွင်း မှတ်ဉာဏ် 8GBပါ၀င်ပြီး SD Cardကို 32GBအထိ ထပ်မံ ထည့်သွင်းအသုံးပြုနိုင် ပါတယ်။ Bluetooth v4.0ပါ၀င်ပြီး အဆင့်မြင့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။
၆။ နောက်ဆုံး တင်ဆက်ပေးချင်တဲ့ စမတ်ဖုန်းကတော့ တရုတ်နိုင်ငံ ZTEမှ ထုတ်လုပ်တဲ့ ZTE Reefဖုန်းပဲ ဖြစ်ပါတယ်။ ၎င်းဖုန်းဟာ ရေအောက်အနက် သုံးပေမှာ မိနစ်သုံးဆယ်ကြာ ထားနိုင်ရုံ အန်းဒရွိုက်ဗားရှင်း 4.1ကို အသုံးပြုထားပြီး 3Gကွန်ရက်မှာ ချိတ်ဆက်နိုင်မယ်လို့ ဆိုပါတယ်။