ဒီတစ်ခါမှာတော့ Windows, Mac, Linuxအသုံးပြုသူတွေ အတွက် Google Chrome Browserအသစ် တင်ဆက်ပေးလိုက်ပါတယ်။ ဗားရှင်းကတော့ Google Chrome Beta 30.0.1599.14ဖြစ်ပြီးတော့ Linux OSအတွက် ဆိုရင် 25.2MB ဖိုင်အရွယ်အစား ရှိပြီး ဒီနေရာမှာ အခမဲ့ ရယူနိုင်ပါတယ်။ Mac OS Xအသုံးပြုသူ တွေကတော့ ဒီနေရာမှာ ရယူနိုင်မှာဖြစ်ပြီး ဖိုင်အရွယ်အစား 51.3MB ရှိပါတယ်။ Windowsအသုံးပြုသူတွေ အတွက်လည်း ဒီနေရာမှာ ရယူနိုင်ပြီး ဖိုင်အရွယ်အစား 723KBနဲ့ အလွယ်တကူ ရယူနိုင်ပါတယ်။
အခု အသစ်ထွက်ရှိလာတဲ့ Chromeဗားရှင်း အသစ်မှာဆိုရင် ပုံနဲ့ရှာဖွေတာတွေ ပိုမိုမြန်ဆန်လွယ်ကူ စေပြီး Appအသစ်တွေ၊ Extension APIအသစ်တွေလည်း ပါ၀င်လာပါတယ်။ ဒါ့အပြင် Browserရဲ့ Performanceနဲ့ တည်ငြိမ်မှုအတွက်လည်း ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဖန်တီးထားတယ်လို့ သိရပါတယ်။