News

မြန်မာနိုင်ငံရှိ ပန်းချီပြခန်းများ အခမဲ့ လွှင့်တင်ပေးသည့် ဝက်ဘ်ဆိုက်သို့ ဆက်သွယ်နိုင်

မြန်မာနိုင်ငံရှိ ပန်းချီပြခန်းများ စုပေါင်းထားပြီး တစ်စုတစ်စည်းတည်း လေ့လာနိုင်မည့် အွန်လိုင်း ဝက်ဘ်ဆိုက်သစ်ကို စတင် လွှင့်တင်လျက်ရှိရာ မြန်မာနိုင်ငံရှိ ဒေသအသီးသီးမှ ပန်းချီပြခန်းများ အနေဖြင့် [email protected]သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

www.myanmarartexplorer.comတွင် မြန်မာနိုင်ငံရှိ ပန်းချီပြခန်းများနှင့်  ပတ်သက်၍ အခမဲ့ လွှင့်တင်ပေးလျက်ရှိပြီး New Zero Art Spaceမှ ဖွင့်လှစ်သင်ကြားသည့် Professional Art Development သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများမှ အချက်အလက်များ စုပေါင်း ကောက်ယူပြီး ဝက်ဘ်ဆိုက် ပြုလုပ်ထားခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံကို လာလည်မယ့် နိုင်ငံတကာက ဧည့်သည်တွေက ပန်းချီပြခန်းတွေအကြောင်း လေ့လာဖို့ မေးရင် အွန်လိုင်းမှာ သိပ်ပြီး ပြစရာ မရှိတာနဲ့ အခုလို လုပ်ဖြစ်တာပါ။ လက်ရှိမှာ ရန်ကုန်နဲ့ မန္တလေးက ပြခန်းတွေတော့ တော်တော်စုံပေမယ့် နိုင်ငံခြား ဧည့်သည်တွေ အသွားအလာများတဲ့ တောင်ကြီး၊ အင်းလေးနဲ့ တခြားနေရာတွေက ပန်းချီပြခန်းတွေ ကျန်နေပါသေးတယ်။ ပါဝင်လိုတဲ့သူတွေကို ဖိတ်ခေါ်ပါတယ်”ဟု ဝက်ဘ်ဆိုက် တည်ထောင်ရာတွင် ပါဝင်သူ နိုရာက ပြောပြခဲ့သည်ဟု ဆိုသည်။

ဤဝက်ဘ်ဆိုက် တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ့အနုပညာ လက်ရာများကို စူးစမ်း လေ့လာနိုင်သည့် နေရာတစ်ခု ဖြစ်ပေါ်လာရန်၊ မြန်မာနိုင်ငံရှိ ပန်းချီပြခန်းများ၏ သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် ရရှိနိုင်မည့် အရင်းအမြစ်တစ်ခု ဖြစ်ပေါ်လာရန်နှင့် မြန်မာနိုင်ငံရှိ ပန်းချီပြခန်းများနှင့် နိုင်ငံတကာရှိ ပန်းချီပြခန်းများကြား သတင်းအချက်အလကများ ဖလှယ်နိုင်ရန် ပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိပြုလုပ်လျက် ရှိသည့် ပန်းချီပြပွဲအချို့၏ သတင်းများကိုလည်း ဖော်ပြထားကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *