News

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များ ညအချိန် ဖွင့်လှစ်ရန် ယာဉ်မောင်းများ လိုလား

မြန်မာနိုင်ငံ၏ လူဦးရေ ၆သန်းမျှ နေထိုင်သော ရန်ကုန်မြို့၏ ၂၄နာရီ ဓာတ်ဆီဆိုင်များသည် ညအချိန်တွင် ဖွင့်လှစ်မှု မရှိသောကြောင့် ညပိုင်း ယာဉ်မောင်းများမှာ ဓာတ်ဆီဝယ်ယူရန် အခက်အခဲ ဖြစ်နေကြသည်ဟု ယာဉ်မောင်းများနှင့် ကိုယ်ပိုင် ယာဉ်မောင်းများက ပြောကြားကြကြောင်း သိရသည်။

စီးပွားရေး မြို့တော် ရန်ကုန်ရှိ လုပ်သားပြည်သူများမှာ ၂၄နာရီ ကာလပတ်လုံးနီးပါး သွားလာလှုပ်ရှားနေကြရပြီး ညအချိန်များတွင် အရေးပေါ်လိုအပ်ချက်များကြောင့် စက်သုံးဆီ ဝယ်ယူရန်အတွက် စက်သုံးဆီများကို နေရာအနှံ့လိုက်ရှာနေရပြီး သာကေတကျောက်တိုင် အနီးရှိ စက်သုံးဆီဆိုင်များအထိပင် တကူးတကသွားရောက် ဝယ်ယူနေရကြောင်း၊ ညအချိန် အလုပ်ကိစ္စနှင့် သွားရင်း စက်သုံးဆီ ပြတ်လပ်သွားမှုကြောင့် အခက်အခဲ တွေ့ရကြောင်း ကိုယ်ပိုင် ယာဉ်မောင်းများက ပြောဆိုကြသည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များ အားလုံးနီးပါးမှာ ၂၄နာရီ ဖွင့်လှစ်ရောင်းချသော ဆိုင်များ ဖြစ်သော်လည်း ယခုကဲ့သို့ စက်သုံးဆီ ပြတ်လပ်မှုများ အလွယ်တကူ ဝယ်မရခြင်းမှာ မည်သည့် အကြောင်းကြောင့် ဆိုသည်ကို မသိသော်လည်း ညပိုင်း ယာဉ်မောင်းများအတွက် အခက်အခဲများ ကြုံတွေ့ရသည်ဟု ဆိုပါသည်။

မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီ အရောင်းဆိုင်များ အနေဖြင့် ပြည်တွင်းသို့ တင်သွင်းလာသော မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ် သုံးသန်းကျော်၏ စက်သုံးဆီ လိုအပ်ချက်ကို ပြည်ပမှ အဓိက တင်သွင်း ရောင်းချနေပြီး တစ်ပတ်လျှင် စက်သုံးဆီ ဂါလန်တစ်သိန်းနီးပါး တင်သွင်းနေရကြောင်း သိရှိရပါသည်။

အထက်ပါကဲ့သို့ အချို့ ၂၄နာရီ စက်သုံးဆီဆိုင်ဟု အမည်ခံထားသော်လည်း တစ်နေ့တာအတွက် စက်သုံးဆီ ခွဲတမ်းကုန်သွား၍သော်လည်းကောင်း၊ ညပိုင်းအတွက် လုံခြုံရေးအခြေအနေ စိတ်မချဟု ယူဆ၍သော်လည်းကောင်း၊ ညဘက်များတွင် ပိတ်ထားခြင်း ဖြစ်နိုင်ပါသည်။

သို့ရာတွင် မော်တော်ယာဉ် သုံးစွဲသူများ အနေဖြင့် ညဘက် အလုပ်ကိစ္စဖြင့် ဖြစ်စေ၊ အရေးပေါ် ဖြစ်စေ၊ သွားလာရင်း စက်သုံးဆီ ပြတ်လပ်ပါက အလွယ်တကူ ဝယ်ယူနိုင်ရန်အတွက် သာကေတကျောက်တိုင် စက်သုံးဆီဆိုင်ကဲ့သို့ အချက်အခြာ ကျသောနေရာများမှ ဆိုင်များကိုမူ ညအချိန် ဖွင့်လှစ်ပေးနိုင်ရန် သက်ဆိုင်ရာမှ စီမံခန့်ခွဲပေးသင့်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *