ယနေ့ခေတ်မှာ လူတွေဟာ ကျဥ်းမြောင်းတဲ့နေရာလေးတွေမှာပဲ နေထိုင်၊ အလုပ်လုပ်နေကြ ရပါတယ်။ နေရာလေးတွေက ကျဉ်းမြောင်းတဲ့အပြင် အလုပ်လုပ်စရာတွေကများ၊ ထားစရာတွေကများလာတဲ့အခါ စနစ်ကျတဲ့ ပစစည်းထားသိုဖို့ လိုအပ်လာပါတယ်။ ဒါကြောင့်အခု Myanmar ICT ပရိသတ်ကြီးကို သစ်စေးနဲ့ steel နဲ့ လုပ်ထားတဲ့ ပရိဘောဂ တစ်မျိုး မိတ်ဆက်ပေးချင်ပါတယ်။ ရုံးအလုပ်တွေအားလုံးကို ရုံးခန်းတစ်ခန်း ကဲ့သို့ သုံးနိုင်ပါတယ်လို့ ထုတ်လုပ်သူတွေကတော့ ညွန်းပါတယ်။ ရိုးရှင်းတဲ့ ပုံစံအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးနဲ့ အရောင်အမျိုးမျိုး ရရှိနိုင်ပါတယ်။ ဒီပုံစံက ခေတ်ရှေ့ပြေး ပရိဘောဂတွေရဲ့ အစပဲလို့ ဆိုပါတယ်။ Tablet, Laptop နဲ့ Office Document စတာတွေနဲ့ လက်ကိုင်အိတ်၊ လွယ်အိတ် တွေကိုပါ အစီအစဥ်တကျ ထားသိုနိုင်အောင် စီစဥ်ထားရှိပါတယ်။
Ref : www.digsdigs.com/compact-functional-desk-with-smart-storage/