ကမာၻပေါ်တွင် လူသုံးအများဆုံး Search Engine တစ်ခုဖြစ်သည့် Google အနေဖြင့် တစ်ကမာၻလုံးကို သူတို့၏ မိုးပျံပူဖောင်းဖြင့် Internet Access များဖြန့်ဝေပေးသွားရန် စီစဥ်လျက်ရှိသည်။ ‘Project Loon’ ဟုအမည်ပေးထားသော အဆိုပါစီမံကိန်းသည် Google ၏ Chief Technical Architect ဖြစ်သူ Rich Devaul ၏ စိတ်ကူးဥာဏ်ဖြစ်သည်ဟုလည်း သိရသည်။
ပြီးခဲ့သည့်လက နယူးဇီလန်တွင် Internet Access ပါရှိသော အဆိုပါ မိုးပျံပူဖောင်း ၃ဝ ကို လွင့်တင်ပြီး Google မှ စမ်းသပ်မှုများပြုလုပ်ခဲ့သည်။ နေစွမ်းအင်ကိုရယူအသုံးပြုထားပြီး မြေပြင်မှ ၁၂မိုင်ခန့်အကွာတွင် လွင့်တင်ထားနိုင်မည်ဖြစ်သည်။ မြို့ပြ၊ ကျေးလက် လူများအားလုံး Internet ကို လွယ်ကူသက်သာစွာ အသုံးပြုနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။
အဆိုပါ မိုးပျံပူဖောင်းများ၏ Specifications နှင့် Data အချက်အလက်များကို အတိအကျ မသိရသေးသော်လည်း Googleက တစ်ကမာၻလုံးကို Project Loon စီမံကိန်းဖြင့် Internet များပေးဝေကာ အကျိုးပြုသွားမည်ဟု ရည်ရွယ်ထားကြောင်း သိရှိရသည်။