Mobile, Review

HD TV တွေနဲ့ ချိတ်ဆက်သုံးနိုင်မယ့် Sony Xperia Ion

Sony ရဲ့ Online Library ကြီးကြီးထဲကနေ Music တွေ၊ Movie တွေကို စိတ်ကြိုက် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဖုန်းကို အကောင်းဆုံး မောင်းနှင်နိုင်ဖို့အတွက် Android Gingerbread Software နဲ့ Snapdragon S3 Processor ကို အသုံးပြုထားပါတယ်။ အရာရာတိုင်းကို ၄.၆ လက်မရှိတဲ့ Screen ပေါ်မှာ High Definition အရည်အသွေးဖြင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Design
ဒီဇိုင်းပုံစံကတော့ မဲနက်ပြီး တောက်ပြောင်နေတဲ့ မဟူရာကျောက်ကဲ့သို့ ရှိပြီး ကိုင်ဆောင် အသုံးပြုသူအတွက်တော့ လုံး၀ စမတ်ကျမှာ အမှန်ပါ။ Sony အနေနဲ့ကတော့ Xperia Ion က ကြော့ရှင်း လှပတယ်လို့ ကြွားလုံး ထုတ်ထားပါတယ်။ အနက်ရောင် ကာလာ တစ်မျိုးတည်းကိုသာ ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ကာလာစုံ အသုံးပြုချင်သူတွေ အတွက်တော့ စိတ်ညစ်စရာပါ။ Screen အရွယ်အစား ၄.၆ လက်မကလည်း ပိုပြီး ထင်ပေါ်စေပါတယ်။ Resolution က 1,280×720-pixel ရှိပြီး LCD screen အမျိုးအစားပါ။

Camera
ကင်မရာ အမျိုးအစားက 12MP ရှိပြီး အလင်းရောင် အားနည်းတဲ့ အချိန်မှာလည်း အကောင်းဆုံး ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာ အရည်အသွေး ကောင်းမွန်ဖို့နဲ့ ကြည်လင် တောက်ပဖို့အတွက် Exmor R Sensor ကို အသုံးပြုထားပါတယ်။ 16x Digital Zoom ရှိပြီး 3D Sweep Panorama Function တွေကို အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။ အရှေ့ပိုင်းမှာလည်း 1.3 Megapixel ရှိတဲ့ ကင်မရာ အသေးစားကို တပ်ဆင်ပေးထားပါတယ်။

HD အရည်အသွေးရှိ
ရိုက်ကူးထားတဲ့ ပုံတွေ၊ ဗွီဒီယိုတွေကို အရောင်အသွေး စုံလင်စွာနဲ့ High Definitionဖြင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Mobile BRAVIA® Engineကြောင့် 1080p HD ဖြင့် အတိကျဆုံး ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပုံရိပ်တွေရဲ့ တောက်ပမှုနဲ့ ကြည်လင် ပြတ်သားမှုကို အတိအကျ ပေးနိုင်ပါတယ်။ HD ဖြင့် Video Chat ပြုလုပ်နိုင်ဖို့ 720p ရှိတဲ့ Front-Facing Chat Cam ကို ဖုန်းရဲ့အရှေ့ပိုင်းမှာ တပ်ဆင်ပေးထားပါတယ်။

HD TVတွေနဲ့ တွဲဖက်နိုင်
HD Video တွေကို ဖုန်းစကရင်မှာ ကြည့်ရတာ အားမရဘူး ဆိုရင်တော့ စကရင် ကြီးကြီး HD TV တွေနဲ့လည်း ချိတ်ဆက် ကြည့်ရှုနိုင်ပါသေးတယ်။ ဖုန်းရဲ့ SmartDock ကနေတစ်ဆင့် TV မှာ ပါရှိတဲ့ HDMI Port နဲ့ ချိတ်ဆက်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ TV Remote နဲ့ ဖုန်းနဲ့ ချိတ်ဆက်ထားတဲ့ Screen ကို Control လုပ်နိုင်မှာ ဖြစ် ပါတယ်။

Pre-loaded Applications
Sony အနေနဲ့ ၄င်းဖုန်းမှာ ကြိုတင် ထည့်သွင်းပေးထားတဲ့ Application တွေကတော့ Google Voice Search, Google Talk with Video Chat, Google Mail, Google Calendar, Google Maps with Street View and Latitudeတွေပဲ ဖြစ်ပါတယ်။ အသုံးပြုနိုင်တဲ့ Network အမျိုးအစားကတော့ GSM, 2G, 3G အပြင် 4G Networkပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Memory ပိုင်းအနေနဲ့ MicroSD Card Slot ပါ၀င်ပြီး 32GB အထိ Support လုပ်ပေးနိုင်မှာပါ။

Full Specifications
12.1 Megapixel Camera
Sony’s Exmor R for mobile CMOS Sensor
16x Digital ZoomHD Video Recording (1080p)
3D Sweep Panorama
Front-facing camera (1.3 megapixel, 720p)
Face detection
4.55”, 1280 x 720 pixels 16M color TFT
Reality Display with Mobile BRAVIA Engine
Expansion Slot microSD, up to 32GB

Leave a Reply

Your email address will not be published. Required fields are marked *